ကန်ဒေါ်လာ၇.၅ဘီလီယံတန်လေဆိပ်နဲ့အတူ ပို့ဆောင်ဆက်သွယ်ရေးတံခါးအသစ်တချပ်ဖွင့်လှစ်ပေးလိုက်တဲ့ ဗီယက်နမ်နိုင်ငံ
နိုဝင်ဘာ (၁)ရက်။
Myanmar Property Dealer
ဗီယက်နမ်နိုင်ငံဟာ နိုင်ငံမြောက်ပိုင်း ဘက်နင်ပြည်နယ်တွင် ဂျီယာဘင်အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ဆောက်ရေးအတွက် ကန်ဒေါ်လာ ၇.၅ ဘီလီယံရင်းနှီးမြုပ်နှံသွားမယ်လို့ VN Express သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။
ဘက်နင်ပြည်နယ်မှာရှိတဲ့ဒီလေဆိပ်ဟာမြို့တော်ဟနွိုင်းမှ ကီလိုမီတာ ၄၀အကွာတွင်တည်ရှိတာြဖစ်ပြီး စီမံကိန်းအကျယ်အဝန်းအနေနဲ့ ၁၉၀၀ ဟက်တာခန့်ကျယ်ဝန်းပြီး စုစုပေါင်းလေယာဥ်ပြေးလမ်းလေးခုပါဝင်မှာဘဲဖြစ်ပါတယ်။ စီမံကိန်းကိုအပိုင်းနှစ်ပိုင်းနဲ့အကောင်အထည်ဖော်ဆောင်မှာြဖစ်ပြီး ၂၀၃၀ မှာခရီးသည်သန်း ၃၀ အထိဝန်ဆောင်မှုပေးနိုင်ဖို့ရည်ရွယ်ထားပြီး ၂၀၅၀ အရောက်မှာတော့ကုန်တင်ကုန်ချနှင့်ထိန်းသိမ်းရေးစင်တာများအပြီးတည်ဆောက်မှာဖြစ်ပြီး
ခရီးသည်သန်း ၅၀အထိဝန်ဆောင်မှုပေးနိုင်မှာဘဲဖြစ်ပါတယ်။
ဗီယက်နမ်နိုင်ငံဟာလက်ရှိတွင် ပြည်တွင်းလေဆိပ် ၁၃ခု၊ နိုင်ငံတကာလေဆိပ် ၁၁ ခုတို့ဖြင့်လည်ပတ်လျှက်ရှိပြီး ယခုအသစ်တည်ဆောက်မဲ့ဂျီယာဘင်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာနိုင်ငံမြောက်ပိုင်းအတွက်အဓိကလေဆိပ်အဖြစ်ဆောင်ရွက်ပေးရန်မျှော်မှန်းထားတယ်လို့
VN
Express သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။