Home  / News  / News Details

新闻详情

ကန်‌ဒေါ်လာ၇.၅ဘီလီယံတန်လေဆိပ်နဲ့အတူ ပို့‌ဆောင်ဆက်သွယ်ရေးတံခါးအသစ်တချပ်ဖွင့်လှစ်ပေးလိုက်တဲ့ ဗီယက်နမ်နိုင်ငံ

Nov 1, 2025  /

ကန်ဒေါ်လာ၇.၅ဘီလီယံတန်လေဆိပ်နဲ့အတူ ပို့ဆောင်ဆက်သွယ်ရေးတံခါးအသစ်တချပ်ဖွင့်လှစ်ပေးလိုက်တဲ့ ဗီယက်နမ်နိုင်ငံ

နိဝင်ဘာလ (၁)ရက်။

Myanmar  Property Dealer

ဗီယက်နမ်နိုင်ငံဟာ နိုင်ငံမြောက်ပိုင်း ဘက်နင်ပြည်နယ်တွင် ဂျီယာဘင်အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ဆောက်ရေးအတွက် ကန်ဒေါ်လာ . ဘီလီယံရင်းနှီးမြုပ်နှံသွားမယ်လို့ VN Express သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။

ဘက်နင်ပြည်နယ်မှာရှိတဲ့ဒီလေဆိပ်ဟာမြို့တော်ဟနွိုင်းမှ ကီလိုမီတာ ၄၀အကွာတွင်တည်ရှိတာြဖစ်ပြီး စီမံကိန်းအကျယ်အဝန်းအနေနဲ့ ၁၉၀၀ ဟက်တာခန့်ကျယ်ဝန်းပြီး စုစုပေါင်းလေယာဥ်ပြေးလမ်းလေးခုပါဝင်မှာဘဲဖြစ်ပါတယ်။ စီမံကိန်းကိုအပိုင်းနှစ်ပိုင်းနဲ့အကောင်အထည်ဖော်ဆောင်မှာဖြစ်ပြီး ၂၀၃၀ မှာ‌ ခရီးသည်သန်း ၃၀ အထိဝန်ဆောင်မှုပေးနိုင်ဖို့ရည်ရွယ်ထားပြီး ၂၀၅၀ ရောက်မှာတော့ကုန်တင်ကုန်ချနှင့်ထိန်းသိမ်းရေးစင်တာများအပြီးတည်ဆောက်မှာဖြစ်ပြီး  ခရီးသည်သန်း ၅၀အထိဝန်ဆောင်မှုပေးနိုင်မှာဘဲဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံဟာလက်ရှိတွင် ပြည်တွင်းလေဆိပ် ၁၃ခု၊ နိုင်ငံတကာလေဆိပ် ၁၁ ခုတို့ဖြင့်လည်ပတ်လျှက်ရှိပြီး ယခုအသစ်တည်ဆောက်မဲ့ဂျီယာဘင်အပြည်ပြည်ဆိုင်ရာလေဆိပ်ဟာနိုင်ငံမြောက်ပိုင်းအတွက်အဓိကလေဆိပ်အဖြစ်ဆောင်ရွက်ပေးရန်မျှော်မှန်းထားတယ်လို့  VN Express သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။