Home  / News  / News Details

新闻详情

တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အတွက် တောင်ကြီးမြို့ရှိဟိုတယ်အခန်းများ ကြိုတင်ဘိုကင်တင်သူများနေ

Oct 4, 2025  /

တန်ဆောင်တိုင်မီးပုံးပျံပွဲတော်အတွက် တောင်ကြီးမြို့ရှိဟိုတယ်အခန်းများ ကြိုတင်ဘိုကင်တင်သူများနေ

အောက်တိုဘာလ(  ၄ )ရက်။

Myanmar Property Dealer

 

တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံတော်အတွက် တောင်ကြီးမြို့တွင်ရှိတဲ့ဟိုတယ်အခန်းများကြိုတင်ဘိုကင်တင်သူများနေတယ်လို့ ဟိုတယ်များမှ စုံစမ်းသိရှိရပါတယ်။

စက်တင်ဘာလ တတိယအပတ်ကစတင်ပြီး ဟိုတယ်ကြိုတင်မှာယူသူများရှိနေပြီးလာမဲ့သီတင်းကျွတ်ပိတ်ရက်ကာလတွင်လည်း ဟိုတယ်များပြည့်နေပြီဖြစ်တယ်လို့သိရပါတယ်။

" မီးပုံးပျံပွဲတော်အတွက်က သိပ်မကြာခင်မှာပြည့်တော့မယ်။ အဲဒီရက်အတွက်ကိုကြိုတင်ယူထားကြတာ စက်တင်ဘာလကတည်းက။ တချို့ဆို တစ်လကြိုတင်ပြီးအခန်းတွေယူတာရှိတယ်" ဟု တောင်ကြီးမြို့ရှိဟိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

 အဝေရာမီးပုံးပျံကွင်းတွင် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ရက်ထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတစ်နေ့လျှင် အရုပ်အုပ်စုမီးပုံးပျံ ၁၀ လုံးခန့်၊ ညမီးကျည်အပါအဝင် စိန်နားပန်မီးပုံးပျံ အလုံးရေ ၇၀ ကျော်ထိ လွှတ်တင်နိုင်ရန် စီစဉ်ထားရှိတယ်လို့လည်း သိရပါတယ်။

ယခင်နှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် အရုပ်အုပ်စုမီးပုံပျံ ခြောက်လုံး၊ ညမီးကျည် အပါအဝင် စိန်နားပန်မီးပုံးပျံအလုံးရေ ၄၉ လုံးခန့်လွှတ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။