Home  / News  / News Details

新闻详情

ဆူးလေရှန်ဂရီလာဟိုတယ်ကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်မှုများပြုလုပ်နေ

Oct 4, 2025  /

ဆူးလေရှန်ဂရီလာဟိုတယ်ကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်မှုများပြုလုပ်နေ

အောက်တိုဘာလ(၄)ရက်။

Myanmar Property Dealer

 

ကိုဗစ်ကာလအတွင်း ပိတ်ထားခဲ့တဲ့ ဆူးလေရှန်ဂရီလာဟိုတယ်ကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်မှုများပြုလုပ်နေတယ်လို့ ဟိုတယ်နှင့်နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။

အဆိုပါ ဆူးလေရှန်ဂရီလာဟိုတယ်ကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ()ရက် မှစတင်ပြီး လက်ရှိအချိန်ထိ ပိတ်ထားခဲ့သည်မှာ လေးနှစ်ကျော်ရှိပြီဖြစ်ပါတယ်။

" အခုက ပြန်လည်ပြင်ဆင်မှုတွေလုပ်နေတယ်။ ဟိုတယ်ကလည်း ပိတ်ထားတာကြာပြီဆိုတော့ ပျက်စီးမှုလေးတွေရှိတာပေါ့။ ဘယ်တော့ပြန်ဖွင့်မလဲဆိုတာတော့ မပြောနိုင်သေးပေမဲ့ပြန်ဖွင့်တော့မယ်ဆိုတာတော့ ကနဦးသိရတယ်" လို့ အမည်မဖော်လိုသူ ဟိုတယ်ဝန်ထမ်းတစ်ဦးကပြောပါတယ်။

 ယနေ့တွင်လည်း ဟိုတယ်ကိုပြန်လည်ပြုပြင်နေတဲ့မြင်ကွင်းများကို မြင်တွေ့ခဲ့ရပါတယ်။ အဆိုပါ ဆူးလေရှန်ဂရီလာဟိုတယ်ကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ()ရက် မှစတင် ပိတ်ထားခဲ့ပေမဲ့လည်းဟိုတယ်နှင့် ဆက်စပ်လျက်ရှိတဲ့ Sule Square Mall & Office Shangri-La Residences ကို ဆက်လက်ဖွင့် လှစ်ထားရှိဆဲဖြစ်ပါတယ်။

ရန်ကုန်မြို့လယ်တွင် တည်ရှိတဲ့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ အခန်းပေါင်း ၄၆၆ ခန်းရှိပြီး ယခင်က ကုန်သည်ကြီးများဟိုတယ်အမည်ဖြင့် ဟိုတယ်ဝန်ဆောင်မှုများပေးခဲ့ကာ ၂၀၁၄ ခုနှစ် တွင် ဟောင်ကောင်အခြေစိုက် ရှန်ဂရီလာအုပ်စုက ဆူးလေရှန်ဂရီလာအဖြစ် အမည်ပြောင်းလဲလုပ်ကိုင်ခဲ့ တာဖြစ်ပါတယ်။

 ဆူးလေရှန်ဂရီလာဟိုတယ်ဖွင့်လှစ်ခဲ့စဉ်က နိုင်ငံတကာအဖွဲ့အစည်းများ၊ ထိပ်တန်းစီးပွားရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာကုမ္ပဏီများတွင် တာဝန်ယူထားသူများ၊ ငွေကြေးတတ်နိုင်တဲ့ ခရီးသည်များ တည်းခိုလေ့ရှိတဲ့ အဆင့်မြင့်ဟိုတယ်တစ်ခု လည်းဖြစ်ပါတယ်။