နှစ်ပေါင်း (၁၇၀) သက်တမ်းရှိ မဟာမင်းထင်ကျောင်းတိုက်အား ဂျပန်အစိုးရ၏ ငွေကြေးအကူအညီဖြင့် မူလပုံစံအတိုင်း ပြန်လည်ထိန်းသိမ်းမည်
အောက်တိုဘာ (၁၁)ရက်၊
Myanmar Property Dealer
မန္တလေးမြို့ရှိ နှစ်ပေါင်း(၁၇၀)ကျော်သက်တမ်းရှိမဟာမင်းထင်ကျောင်းတိုက်အား ဂျပန်အစိုးရ၏ ငွေကြေးအကူအညီဖြင့် မူလပုံစံအတိုင်း ပြန်လည်ထိန်းသိမ်းမှာဖြစ်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနလက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်မှ The Stateman Media နဲ့တွေဆုံစဥ်ကပြောကြားခဲ့တာဘဲဖြစ်ပါတယ်။
အဆိုပါ ဘုန်းတော်ကြီးကျောင်းကို ၁၈၅၂ ခုနှစ်တွင် အင်းဝမြို့ဟောင်းမှာ မဟာမင်းလှမင်းကျော် ဦးမင်းထင်၏လှူဒါန်းမှုဖြင့် မူလတည်ဆောက်ခဲ့တာဖြစ်ပြီး ၁၈၇၆ ခုနှစ်မှာတော့ မန္တလေးမြို့သို့ ပြောင်းရွှေ့ခဲ့တာဘဲဖြစ်ပါတယ်။ အင်းဝရှိ မူလကျောင်းတော်တွင် ကျွန်းတိုင်ပေါင်း ၄၂၆ တိုင်ကို အသုံးပြုထားပြီး လက်ရှိကျောင်းတော်မှာတော့ ၁၄၃ တိုင်နဲ့တည်ဆောက်ထားတာဘဲဖြစ်ပါတယ်။
ကျွန်းသစ်ရှားပါးမှုနှင့် ဈေးနှုန်းကြီးမြင့်မှုကြောင့် ပြန်လည်ပြုပြင်စရိတ်မှာ ကျပ်ငွေ တစ်ဘီလီယံကျော်ရှိမည်ဟု ခန့်မှန်းထားတာဖြစ်ပြီး ရရှိလာသောအလှူငွေစုစုပေါင်းအပေါ် မူတည်ပြီး အရေးကြီးဆုံးအပိုင်းများကိုသာ အစားထိုးခြင်းနှင့် ထိန်းသိမ်းခြင်းအတွက် ဦးစားပေးဆောင်ရွက်မယ်လို့သိရပါတယ်။
ဂျပန်အစိုးရ၏ ရန်ပုံငွေဖြင့် လှူဒါန်းမှုသည် မန္တလေးမြို့ရှိ အခြားနေရာ (၃)ခုအပြင် စစ်ကိုင်းတိုင်း ဒေသကြီးနှင့် နေပြည်တော်ရှိ အမွေအနှစ်နေရာများ ကိုလည်း တိုးချဲ့ထားတယ်လို့သိရပါတယ်။