Home  / News  / News Details

News Details

ရန်ကုန်-ဒလ တံတားပြီးလုနီးသဖြင့် အိမ်ခြံမြေဈေး မြင့်တက်လာ

Oct 8, 2025  /

ရန်ကုန်-ဒလ တံတားပြီးလုနီးသဖြင့် အိမ်ခြံမြေဈေး မြင့်တက်လာ

အောက်တိုဘာ (၁၀)ရက်၊

Myanmar Property Dealer

 ရန်ကုန်-ဒလ တံတားဟာ ရာနှုန်းပြည့်နီးပါးပြီးနေပြီဖြစ်လို့ ဒလမြို့က အိမ်ခြံမြေ ဈေးတွေလည်း အရင်ကထက် တက်လာတယ်လို့ ဒလမြို့ခံတွေဆီက သိရပါတယ်။

 ရန်ကုန်-ဒလတံတား(ခေါ်)ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားစီမံကိန်းဟာ လက်ရှိမှာ ၉၈ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်လို့ အိမ်နဲ့ခြံတွေ အဝယ်လိုက်နေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

 တံတားမပြီးခင်ကတည်းက ဒလအိမ်ခြံမြေဈေးက ကောင်းနေတာ။ အခုတော့ ပြီးတော့မယ် ဆိုတော့ ဒလအိမ်ခြံကွက်ဈေးက ၁၀ ပေ၊ ၆၀ ကို သိန်း ထောင်ချီပေါက်တယ်။ လမ်းမကြီးက အိမ်ဈေးတွေဆို သိန်းသောင်းချီတယ်။ ဒါတောင် ကြိုက်ဈေးမရရင် မရောင်းကြဘူး" လို့ အိမ်ခြံမြေအကျိုးတော်ဆောင် တစ်ဦးကပြောပါတယ်။

 NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်၊ မေလမှာ စတင်ဆောက်လုပ်ခဲ့တဲ့ ဒလတံတားဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးနဲ့ အရှည်ဆုံးတံတားထဲမှာ တစင်းအပါအဝင် ဖြစ်ပါတယ်။

 တံတားကင်းလွတ်အမြင့် ပေ ၁၆၀ နဲ့ ရေလမ်းကင်းလွတ်အကျယ် ၉၉၈ ရှိတာကြောင့် တန်ချိန် ၁၅,၀၀၀ ရှိတဲ့ ပင်လယ်ကုန်သွယ်ရေးသင်္ဘောကြီးအထိ ဖြတ်သန်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 ဒလတံတားကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ပြီးစီးအောင်တည်ဆောက်သွားမယ်လို့ သိရပါတယ်။

 ဒလတံတားကြီး ပြီးစီးသွားမယ်ဆိုရင် ရန်ကုန်မြို့ကနေ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တို့ကို အလွယ်တကူသွားလာနိုင်မှာဖြစ်သလို ဧရာဝတီတိုင်းထဲက ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး စတဲ့ မြို့တွေကိုလည်း သွားလာရလွယ်ကူသွားမှာဖြစ်ပါတယ်။