၂နာရီခရီးကို ၂မိနစ်အတွင်းရောက်ရှိနိုင်မဲ့ တရုတ်နိုင်ငံရဲ့ကမ္ဘာအမြင့်ဆုံးတံတား
Myanmar Property Dealer
တရုတ်နိုင်ငံဟာပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာ
ပြည်တွင်းဆောက်လုပ်ရေးကဏ္ဉကို အရှိန်အဟုန်နဲ့ရင်းနှီးမြုပ်နှံနေတာဖြစ်ပြီး
အဆင့်မြင့်ဆောက်လုပ်ရေးနည်းပညာတွေနဲ့အတူ
ကမ္ဘာစံချိန်သစ်တခုကိုချိုးဖြတ်ခဲ့ပြီဘဲဖြစ်ပါတယ်။
တရုတ်နိုင်ငံ
Guizhou(ကွေ့ကျုံး) ပြည်နယ်မှာရှိတဲ့ အမြင့် ၆၂၅ မီတာရှိ (Huajiang Grand
Canyon Bridge)ဟွာကျန်းဂရင်းကင်ညွန်တံတားဟာ
ပြည်နယ်တခုထဲမှာရှိတဲ့
ယခင်ကမ္ဘာ့အမြင့်ဆုံးတံတား
ဘေဖန်ကျန်းတံတားရဲ့ ၅၆၅ မီတာအမြင့် စံချိန်ကိုချိုးဖြတ်ပြီး ပထမနေရာကိုရယူခဲ့တာပဲဖြစ်ပါတယ်။
၂၀၂၂
ခုနှစ် ဇွန်နဝါရီလ ၁၇ ရက်နေ့ကစတင်တည်ဆောက်ခဲ့တဲ့
ဒီတံတားဟာ တည်ဆောက်ချိန်အားဖြင့်သုံးနှစ်အထိကြာမြင့်ခဲ့တာဖြစ်ပြီး
ယခုနှစ်စက်တင်ဘာလ ၂၈ နေ့မှာစတင်ဖွင့်လှစ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အမြင့် ၆၂၅ မီတာမြင့်ပြီး တန်ချိန် ၂၂၀၀၀ အလေးချိန်ရှိတဲ့ဒီတံတားဟာဆိုရင်
အရှည်အားဖြင့် ၁၄၂၀ မီတာခန့်ရှည်လျားတာဖြစ်ပြီး
Shangri-La အဝေးပြေးလမ်းမနဲ့ချိတ်ဆက်ထားတာဖြစ်ပါတယ်။
ဒီဟွာကျန်းဂရင်းကင်ညွန်တံတားကြီးကို
Guizhou Transportation Investment Group Co., Ltd မှ
developer အနေနဲ့တာဝန်ယူခဲ့တာဖြစ်ပြီး
တည်ဆောက်ရေးပိုင်းကိုတော့အတွေ့အကြုံရင့်ပြည်တွင်းကန်ထရိုက်တာ
ကုမ္ပဏီတခုဖြစ်တဲ့
China Railway Hi-Tech Industry မှတည်ဆောက်ခဲ့တာဘဲဖြစ်ပါတယ်။
ဒီတံတားကြီးဟာ တာဝါနှစ်ခုနဲ့တည်ဆောက်ထားတဲ့
Suspension bridge အမျိုးအစားဖြစ်ပြီး
တံတားတခုလုံးကို တန်ချိန် ၂၁၅ တန်အလေးချိန်ရှိတဲ့သံမဏိအစိတ်အပိုင်းပေါင်း
၉၃ ပိုင်းဖြင့်ဖွဲ့စည်းတည်ဆောက်ထားတာပဲဖြစ်ပါတယ်။
တံတားကြီးဟာ အနက် ၆၂၅ မီတာရှိတဲ့ ကွေ့ကျုံးတောင်ကြားချောက်ကြီးကိုဖြတ်ပြီး
ပြင်းထန်တဲ့လေပြင်းတိုက်ခိုက်မှုဒဏ်ကိုအံတုခါ
အဆင့်မြင့်အင်ဂျင်နီယာနည်းပညာများနဲ့စနစ်တကျတည်ဆောက်ထားတာပဲဖြစ်ပါတယ်။
ဒီတံတားကြီးဟာ
Liuzhi Special District(လရို့စ်ကျီး
အထူးခရိုင်)နဲ့ Anlong County( အန်းလုံခရိုင်) တို့ကိုချိတ်ဆက်ပေးထားတာြဖစ်ခါ
ယခင်ကနှစ်နာရီအကြာသွားရသည့်ခရီးကို
နှစ်မိနစ်အတွင်းရောက်ရှိနိုင်တော့မှာဘဲဖြစ်ပါတယ်။တံတားကြီးရဲ့ကုန်ကျစရိတ်အနေနဲ့
စုစုပေါင်းကန်ဒေါ်လာ သန်း၂၈၀ခန့်ကုန်ကျခဲ့တာဖြစ်ပြီး
ဒီပမာဏဟာ တရုတ်ပြည်အတွင်းရှိစတုထ္ထမြောက်ကုန်ကျစရိတ်အများဆုံး
တံတားအဖြစ်စာရင်းဝင်စေခဲ့တာဘဲဖြစ်ပါတယ်။
ဒီဟွာကျန်းဂရင်းကင်ညွန်တံတားကြီးဟာ
တရုတ်နိုင်ငံဆောက်လုပ်ရေးလောကအတွက်ကြီးမားတဲ့စိန်ခေါ်မှုကြီးတရပ်ဖြစ်ခဲ့သလို
ဒီတံတားကြီးပြီးမြောက်မှုဟာလည်းတရုတ်ပြည်သူတရပ်လုံးအတွက်ဂုဏ်ယူဖွယ်ရာ
ဖြစ်ကြောင်းနိုင်ငံပိုင်မီဒီယာများရဲ့ဖော်ပြချက်အရသိရပါတယ်။