မန္တလေးနှင့်
ပြင်ဦးလွင်မှ အဆောက်အအုံ ၆၄ ခုကို ရှေးဟောင်းစာရင်းဝင်အဆောက်အအုံများအဖြစ်
သတ်မှတ်
အောက်တိုဘာလ(၅)ရက်။
Myanmar
Property Dealer
မန္တလေးနှင့်
ပြင်ဦးလွင်မြို့နယ်ရှိ
လွန်ခဲ့သော နှစ် ၁ဝဝ ကျော်က တည်ဆောက်ခဲ့တဲ့ အဆောက်အအုံ ၆၄ ခုကို ရှေးဟောင်းစာရင်းဝင်
အဆောက်အအုံများအဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတ်မှတ်လိုက်တယ်လို့ ရှေးဟောင်းသုတေသနနှင့်
အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ သိရပါတယ်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့်
ရှေးဟောင်းအဆောက်အအုံများ
ကာကွယ်ထိန်းသိမ်းရေး ဥပဒေ၊ ပုဒ်မ ၃၄၊ ပိုဒ်ခွဲ(ခ)အရ အပ်နှင်းထားတဲ့လုပ်ပိုင်ခွင့်ကို
ကျင့်သုံးပြီးမန္တလေးမြို့မှ
အဆောက်အအုံ ၃၃ ခုနှင့် ပြင်ဦးလွင်မှ
အဆောက်အအုံ ၃၁ ခုကို ရှေးဟောင်းအဆောက်အအုံများအဖြစ်
ယခုနှစ်တွင်ထပ်တိုး သတ်မှတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ယခုသတ်မှတ်ထုတ်ပြန်ထားတဲ့ ရှေးဟောင်းစာရင်းဝင်အဆောက်အအုံများမှာ
မန္တလေးချမ်းမြသာစည်မြို့နယ်မှ
၅ ခု၊ ချမ်းအေးသာစံမြို့နယ်မှ ၇ ခု၊ ပြည်ကြီးတံခွန်မြို့နယ်မှ
၄ ခု၊ မဟာအောင်မြေမြို့နယ်မှ ၄ ခု၊ အောင်မြေသာစံ
မြို့နယ်မှ ၁၁ ခုနှင့် ပုသိမ်ကြီးမြို့နယ်မှ
၂ ခု၊ စုစုပေါင်း ၃၃ ခု နှင့်
ပြင်ဦးလွင်မြို့နယ်မှ
၃၁ ခုတို့ဖြစ်တယ်လို့လည်း သိရပါတယ်။
ရှေးဟောင်းစာရင်းဝင်
အဆောက်အအုံများတွင် ပုဂ္ဂလိကပိုင်အဆောက်အအုံများ၊
ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဟိုတယ်ခရီးပိုင်နှင့် နိုင်ငံပိုင်အဆောက်အအုံများဖြစ်ပြီး
ပုဂ္ဂလိကပိုင်အဆောက်အအုံများမှ
ရှေးဟောင်းစာရင်းဝင်အဖြစ်
သတ်မှတ်ခြင်းခံရပါက ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်းများတွင်
နိုင်ငံတော်ရဲ့ ပံ့ပိုးမှု
များ ရရှိနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။