Home  / News  / News Details

News Details

ပြုပြင်မွမ်းမံမှုလုပ်ငန်း (၉၀) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တဲ့ အင်းလေးဖောင်တော်ဦး

Aug 18, 2025  /

ပြုပြင်မွမ်းမံမှုလုပ်ငန်း (၉၀) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်တဲ့ အင်းလေးဖောင်တော်ဦး

 

ဩဂုတ် (၁၈)ရက်။

Myanmar Property Dealer

 

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော်အချို့နေရာများ၊ ရင်ပြင်တော်အချို့နေရာများ၊ ဒေသစာရီကြွချီပူဇော်ခံရာတွင် ပင့်ဆောင်ပူဇော်တဲ့ကရဝိတ်ဖောင်တော်နှင့် ဖောင်တော်ထားရှိရာအဆောင်တို့ ထိခိုက်ပျက်စီးခဲ့ရပြီးယခုအခါ ပြုပြင်မွမ်းမံခြင်းလုပ်ငန်း (၉၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်တယ်လို့  ဘုရားဂေါပကအဖွဲ့ထံမှ စုံစမ်းသိရှိရပါတယ်။

 

အဆိုပါ ထိခိုက်ပျက်စီးမှုကုန်ကျစရိတ်များကို အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များ စုပေါင်းထည့်ဝင်လှူဒါန်းမှုများဖြင့် ပြုပြင်မွမ်းမံမှုလုပ်ငန်းများကို သတ်မှတ်ကာလအမှီ ပြီးစီးနိုင်ရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များက အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။

ယခုအခါ ပြုပြင်မွမ်းမံမှုလုပ်ငန်းများကိုအင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပြီး  လာမဲ့ သီတင်းကျွတ်ဖောင်တော်ဦးမြတ်စွာဘုရား အင်းလေးဒေသဝဲယာ(၂၁)ဌာနသို့ ဒေသစာရီကြွချီပူဇော်ခံပွဲတော်ကာလအမီ ဆောင်ရွက်ပြီးစီးနိုင်ရေး အတွက် ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။