Home  / News  / News Details

News Details

အိမ်ရာချေးငွေ အတိုးနှုန်းနှင့်အတူ စိုးရိမ်ဖွယ်ရာအကြပ်အတည်းနှင့်ရင်ဆိုင်နေရတဲ့ထိုင်းအိမ်ခြံမြေဈေးကွက်

Aug 16, 2025  /

အိမ်ရာချေးငွေ အတိုးနှုန်းနှင့်အတူ စိုးရိမ်ဖွယ်ရာအကြပ်အတည်းနှင့်ရင်ဆိုင်နေရတဲ့ထိုင်းအိမ်ခြံမြေဈေးကွက်


ဩဂုတ် ( ၁၆ )ရက်
Myanmar Property Dealer

ထိုင်းနိုင်ငံ အနှံ့အပြား အိမ်ရာချေးငွေ အတိုးနှုန်းများလာတာနှင့်အတူ နိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်က ၂၀၂၅ ခုနှစ်၌ စိုးရိမ်ဖွယ်ရာ အကြပ်အတည်းနှင့် ရင်ဆိုင်နေရတယ်လို့ The Nation သတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။

ယခုအကြပ်အတည်းမှာ ဝယ်နိုင်စွမ်း နှေးကွေးခြင်း၊ အိမ်ရာများ အလွန် ပိုလျှံခြင်းနှင့် COVID-19 ကပ်ဘေး၏ သက်ရောက်မှုထက်ပင် စိန်ခေါ်မှုများတာဖြစ်ပြီး ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများ ပေါင်းစပ်မှု‌ကြောင့်အိမ်ခြံမြေဈေးကွက်အကျဘက်ကိုဦးတည်နေတယ်လို့သက်ဆိုင်ရာပညာရှင်များရဲ့သုံးသပ်ချက်အရ သိရပါတယ်။
အကြပ်အတည်းရဲ့ အဓိကအကြောင်းရင်းမှာ စားသုံးသူ အမူအကျင့် ပြောင်းလဲမှုကြောင့် ဖြစ်ပြီး ပြည်သူများက ၎င်းတို့ရဲံ အနာဂတ် ဝင်ငွေနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ တိုးပွားလာကာ အထူးသဖြင့် အိမ်ခြံမြေကဲ့သို့ တန်ဖိုးမြင့် ပိုင်ဆိုင်မှုများအတွက် အသုံးစရိတ်နှင့် ရင်းနှီးမြှုပ်နှံမှုတွင် ပို၍ သတိထားလာကြသည်ဟု လုပ်ငန်းကဏ္ဍဆွေးနွေးမှုအချက်အလက်များက ဖော်ပြထားပါတယ်။

ဒါကြောင့် အိမ်ဝယ်ယူမှုများနည်းပါးသွားစေပြီး အိမ် ဝယ်ယူရေး ဆုံးဖြတ်ချက် ချရာ၌လည်း ပိုမို အချိန်ယူကြတာကြောင့် တိုအိမ်အရောင်းထွက်မှုနှင့် အိမ်ရာချေးငွေ လျှောက်ထားမှုများကို သိသိသာသာ ကျဆင်းစေခဲ့တာဘဲဖြစ်ပါတယ်။
ယခုအကြပ်အတည်းမှာဘဏ္ဍာရေး အဖွဲ့အစည်းများကလည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေတာဖြစ်ပြီး ဘဏ်များကချေးငွေအတည်ပြုရာတွင် ပိုမိုတင်းကြပ်လာတာကြောင့် လက်ရှိတွင် ဝင်ငွေနည်းသူများနှင့် အလယ်အလတ်ဝင်ငွေရှိသူများအပြင် ဝင်ငွေများသူများကိုပါ သက်ရောက်မှုများ ရှိလာတာဘဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံအိမ်ယာဈေးကွက်၏ လက်ရှိအခြေအနေဟာ ရာစုနှစ်တခုအတွင်း အဆိုးရွားဆုံးပဲ ဖြစ်ပြီး အိမ်ရာချေးငွေ တိုးများမှုနှုန်း မရှိသည်ကို အိမ်ခြံမြေကဏ္ဍအနေဖြင့် ပထမဆုံးအကြိမ် ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ UOB Thailand ဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ယွတ်တာချိုင်က ရဲ့ပြောကြားချက်အရသိရပါတယ်။