Home  / News  / News Details

News Details

ငလျင်ဘေးမှာ အထပ်မြင့်ပျက်စီးမှုတွေထက်စာရင်၊အထပ်နိမ့်အဆောက်အအုံပျက်စီးမှုကပိုများတယ်။

Oct 11, 2025  /

ငလျင်ဘေးမှာ အထပ်မြင့်ပျက်စီးမှုတွေထက်စာရင်၊အထပ်နိမ့်အဆောက်အအုံပျက်စီးမှုကပိုများတယ်။

 

အောက်တိုဘာ (၁၂)ရက်၊

Myanmar Property Dealer

 

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့ရတဲ့အဆောက်အအုံများ ပြိုကျပျက်စီးမှုအတွင်းမှာအထပ်မြင့်အဆောက်အအုံပျက်စီးမှုတွေထက်စာရင်၊အထပ်နိမ့်အဆောက်အအုံပျက်စီးမှုကပိုများတယ်လို့ သိရပါတယ်။

‘’အထပ်မြင့်အဆောက်အအုံ ပျက်စီးမှုနဲ့လုံးချင်းအိမ်တွေ ၊  အထပ်နိမ့်တွေရဲ့ပျက်စီးမှုတွေနှိုင်းယှဉ်လို့ရှိရင် အထပ်နှိမ့်တွေမှာပိုပျက်စီးတာကိုသွားတွေ့ရတယ်။ရှစ်ထပ်အထက်အဆောက်အအုံတော်တော်များများကလုံးဝပြိုကျတာတော်တော်နည်းတယ်။ ဥပမာ Myanmar National Building Code  နဲ့ဆောက်ထားတဲ့ မင်္ဂလာရန်ကင်းပြည်သူ့အငှားအိမ်ရာစီမံကိန်းဆိုတာမျိုးတောင် မပျက်စီးဘူး၊ဒါဆို အနည်းဆုံးဘတ်ဂျက်နဲ့ တည်ဆောက်ထားတာပဲ ၊ဘာမှပြိုကျပျက်စီးတာမရှိဘူးဆိုတာသွားတွေ့ရတယ်၊အဲဒီတော့ပြိုကျတယ် မပြိုကျဘူးဆိုတဲ့ နေရာမှာသွားတွေ့ရတာက Myanmar National Building Code  နဲ့ဆောက်ထားတာလား၊သုံးထားတဲ့ပစ္စည်းတွေကသတ်မှတ်ချက်စံချိန်စံညွန်းနဲ့ညီရဲ့လား ဆိုတဲ့အပေါ်မှာအခြေခံတာ ကိုသွားတွေ့ရတယ်။ ဒါတွေအပြင် အင်ဂျင်နီယာပိုင်းကကြီးကြပ်မှုအပေါ်ဘယ်လောက်ရှိလဲဆိုတာတွေ့ရပါတယ်’’ဟု Myanmar Developer Association (MDA)မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိ        ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံများကို Pile Foundation ဖြင့်သာ တည်ဆောက်ခွင့်ပြုပြီး ဒီဇိုင်းထုတ်ရာတွင် E-Test နှင့်တွက်ကာရိုးရိုး Foundation နှင့်ပေးထားခြင်းမရှိလို့လည်းသိရပါတယ်။ဒါ့အပြင်

Pile Foundation က ငလျင်ဒဏ်ကို လည်းခံနိုင်တယ်လို့ သိရပါတယ်။