Home  / News

News

blog image

Esport တာဝန်ရှိသူများနှင့် ကမ္ဘာ့ချန်ပီယံဆုရ Yangon Galacticos (YG)ကို KBZ မှ မြေကွက်များ ဂုဏ်ပြုပေးအပ်

Sep 2, 2025  /

KBZ Bank နာယကဦးအောင်ကိုဝင်းက မြန်မာ Esport အားကစားအဖွဲ့ချုပ်တာဝန်ရှိသူများနှင့် ကမ္ဘာ့ချန်ပီယံဆုရ Yangon Galacticos (YG)အသင်းကို Taunggyi Garden City မှ ဂရံမြေကွက် (၉) ကွက် ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့ကြောင်း ကမ္ဘောဇဘဏ်၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

blog image

၂၀၂၅ ခုနှစ်ရဲ့နောက်ဆုံးရစစ်တမ်းများအရ ထိုင်းကွန်ဒိုဝယ်ယူမှုအများဆုံးဒုတိယနိုင်ငံအဖြစ်မြန်မာနိင်ငံသားများရပ်တည်နေ

Sep 1, 2025  /

ထိုင်းနိုင်ငံအိမ်ခြံမြေ သတင်းအချက်အလက်စင်တာ(REIC) ရဲ့ အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်ရဲ့ ပထမနှစ်ဝက်အတွင်းမှာ နိုင်ငံခြားသားတွေက တန်ဖိုး ဘတ် ၂၈.၇၁ ဘီလီယံတန်ဖိုးရှိတဲ့ ကွန်ဒိုမီနီယံအခန်းပေါင်း ၇,၁၆၇ ခန်းကို ဝယ်ယူခဲ့ကြပြီး အဲဒီထဲက ၈၀% ကျော်က ဘန်ကောက် နဲ့ ချွန်ဘူရီ မြို့တွေမှာဝယ်ယူကြတာဖြစ်တယ်လို့သိရပါတယ်။

blog image

ပါမစ်ပိုင်ဆိုင်မှုအများစုနဲ့လည်ပတ်နေတဲ့ ဒလအိမ်ခြံမြေစျေးကွက်

Aug 31, 2025  /

ရန်ကုန်-ဒလတံတားစီမံကိန်းကြီး ပြီးစီးဖို့နီးလာတာနဲ့အညီ ဒလအိမ်ခြံမြေစျေးကွက်ဟာလည်းအတက်ဘက်ကိုဦးတည်လာတာဖြစ်ပြီး ရင်းနှီးမြုပ်နှံသူတွေအတွက် မျက်စိကျစရာနေရာဖြစ်နေတာဘဲဖြစ်ပါတယ်။ 

blog image

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံရှေးဟောင်းဘုရား၊ စေတီ(၅ဝ)ခန့် အိန္ဒိယနိုင်ငံအကူအညီဖြင့် ဆောင်ရွက်သွားမည်

Aug 31, 2025  /

ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ပုဂံဒေသရှိ ရှေးဟောင်းဘုရား၊ စေတီ (၅၀)ခန့် ပြုပြင်ထိန်းသိမ်းရေး စီမံကိန်း ဒုတိယအဆင့်ကို အိန္ဒိယနိုင်ငံအကူအညီဖြင့် ဆောင်ရွက်သွားမှာဖြစ်တယ်လို့  အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံရုံးရဲ့ အချက်အလက်များအရ သိရပါတယ်။

blog image

AI နည်းပညာနဲ့အတူ အနာဂတ်ခရီးသွားလောကရဲ့တံခါးတချပ်ကိုဖွင့်လှစ်ပေးခဲ့တဲ့ ဒူဘိုင်းလေဆိပ်

Aug 31, 2025  /

ကမ္ဘာ့အလုပ်အများဆုံးလေဆိပ်တခုဖြစ်တဲ့ ဒူဘိုင်းလေဆိပ်ဟာ  AI နည်းပညာ သုံးထားတဲ့ ကမ္ဘာ့ပထမဆုံး လေဆိပ် အဖြစ် မှတ်တမ်းတင်သွားဘဲဖြစ်ပါတယ်။ တနှစ်လျှင်ခရီးသွားဦးရေ သန်း ၉၀ ကျော်နဲ့တစ်ရက်လျှင်ခရီးသည်၂သိန်းခွဲခန့်ဝန်ဆောင်မှုပေးနေတဲ့ဒီလေဆိပ်ဟာဆိုရင် အချိန်ကုန်လူပင်ပန်းသက်သာစေမဲ့ Ai စစ်ဆေးရေးကောင်တာ နည်းပညာကိုစတင်မိတ်ဆက်လာခဲ့တာဘဲဖြစ်ပါတယ်။

blog image

ရှေးမူလက်ရာမပျက်စေဘဲ ပြုပြင်ထိန်းသိမ်းရန်လိုနေတဲ့ရန်ကုန်တိုင်း တရားလွှတ်တော် ရှေးဟောင်းအဆောက်အအုံ

Aug 25, 2025  /

 ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းရှိ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် ရှေးဟောင်းအဆောက်အအုံအား ရှေးမူမပျက် ပြန်လည်ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် ဆောင်ရွက်နေတယ်လို့  နိုင်ငံပိုင်သတင်းစာရဲ့ဖော်ပြချက်အရသိရပါတယ်။

blog image

ဒေါ်လာသန်း (၇၀) ကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ဖားအံတွင်တည်ဆောက်မည်။

Aug 23, 2025  /

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လက္ခဏကျေးရွာရှိ မြေဧရိယာ ၃၂၀ ဧကပေါ်တွင် (၈၀)မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် တောင်ကလေးကျေးရွာရှိ မြေဧရိယာ ၄၀ ဧကပေါ်တွင်(၁၀)မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများတည်ဆောက်နိုင်ရန် ကရင်ပြည်နယ်အစိုးရအဖွဲ့က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရန် အဆိုတင်သွင်းခဲ့တဲ့ Zeya & Associates Co.Ltd နဲ့တွေ့ဆုံခဲ့တယ်လို့သိရပါတယ်။

blog image

မြိတ်မြို့ရေပေးဝေရေးစီမံကိန်း တိုင်းအစိုးရနှင့် BBWI & MCPC Co. ,Ltd တို့အကြား သဘောတူစာချုပ်(B.O.T) လက်မှတ်ရေးထိုး

Aug 23, 2025  /

မြိတ်မြို့ရေပေးဝေရေး စီမံကိန်းနှင့်စပ်လျဉ်းပြီး တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာ သဘောတူစာချုပ်  ကို တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် BBWI & MCPC Co. ,Ltd တို့အကြား (B.O.T)လက်မှတ်ရေးထိုးခဲ့ကြတယ်လို့သိရပါတယ်။

blog image

မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် အပန်းဖြေစခန်းတည်ဆောက်မည်

Aug 23, 2025  /

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းတည်ဆောက်မှာဖြစ်တယ်လို့သိရပါတယ်။

blog image

စင်ကာပူအစိုးရဟာ (Vers) စီမံကိန်းဖြင့် ပရောဂျက်အချို့ကို ၂၀၃၀ နှစ်ဆန်းပိုင်းအမီအပြီးသတ်သွားမယ်

Aug 23, 2025  /

စင်ကာပူအစိုးရဟာ Voluntary Early Redevelopment Scheme (Vers) စီမံကိန်းဖြင့် ပရောဂျက်အချို့ကို ၂၀၃၀ နှစ်ဆန်းပိုင်းအမီအပြီးသတ်သွားမယ်လို့ The Strait Time ရဲ့ဖော်ပြချက်အရသိရပါတယ်။

အစိုးရဟာ Selective En bloc Redevelopment Scheme (Sers) အောက်တွင် နောက်ထပ် ပရောဂျက်များအတွက် အစီအစဉ်မရှိဘဲ Vers တွင်သာ ၎င်းတို့ရဲ့ ကြိုးပမ်းအားထုတ်မှုများကို အာရုံစိုက်သွားမှာဖြစ်တယ်လို့ စင်ကာပူအမျိုးသားဖွံဖြိုးတိုးတက်ရေးဝန်ကြီး Chee Hong Tat(ချီဟုန်တတ်) က ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်က အင်တာဗျူးတစ်ခုတွင် ပြည်တွင်းမီဒီယာများအား ပြောကြားခဲ့တာဘဲဖြစ်ပါတယ်။