Home  / News  / News Details

သတင်း အသေးစိတ်

တာချီလိတ်မြို့စက်မှုဇုန် အတွင်း တရားမဝင်တဲများ ဖယ်ရှားနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

Aug 16, 2025  /

တာချီလိတ်မြို့စက်မှုဇုန် အတွင်း တရားမဝင်တဲများ ဖယ်ရှားနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ဩဂုတ် ( ၁၆)ရက်။
Myanmar Property Dealer

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက် စက်မှုဇုန်အတွင်းရှိ ကျူးကျော်တဲများနှင့် ဆိုင်ခန်းများ ရှင်းလင်းဖယ်ရှားနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။
စက်မှုဇုန်ဧရိယာအတွင်း ရှိ စက်မှု (၁) လမ်း၊ စက်မှု (၃)လမ်း၊ စက်မှု (က)လမ်း၊ စက်မှု (ဂ)လမ်းများတွင်ကျူးကျော်လာရောက် နေထိုင်သူများ၊ စွန့်ပစ်ပစ္စည်း ရောင်းချသူများ၊ ဈေးဆိုင်းခန်းဖွင့်လှစ် ရောင်းချသူများအား တာဝန်ရှိသူများကတွေ့ဆုံဆွေးနွေးပြီး ၊စက်မှုဇုန်မှ မိုင်းဖုန်းသွားလမ်းဘေး ဝဲ/ယာ ဧရိယာအတွင်း ကျူးကျော်ရောင်းချနေသော ဆိုင်ခန်းများအားလည်း သတ်မှတ်ရက် အတွင်း ဖယ်ရှားနိုင်ရေး အသိပေးအကြောင်းကြားခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် စက်မှုရပ်ကွက်နှင့် မိုင်းဖုန်းသွားလမ်းဘေး ဝဲ/ယာ ဧရိယာအတွင်း ကျူးကျော်ရောင်းချနေသော တဲများနှင့် ဆိုင်ခန်းငယ်ပေါင်း ၃၄ နေရာရှိကာ တစ်ပတ်အတွင်း ဖယ်ရှားပြီး စက်မှုဇုန် သန့်ရှင်းသာယာလှပရေးအတွက် ဆက်လက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။