Home  / News  / News Details

သတင်း အသေးစိတ်

ကမ္ဘာပေါ်မှာ အတိတ်ဆိတ်ဆုံးအခန်း(သို့) Microsoft ရဲ့ ပဲ့တင်သံလုံးဝမရှိတဲ့ Anechoic Room

Aug 15, 2025  /

ကမ္ဘာပေါ်မှာ အတိတ်ဆိတ်ဆုံးအခန်း(သို့) Microsoft ရဲ့ ပဲ့တင်သံလုံးဝမရှိတဲ့ Anechoic Room

 

 ဩဂုတ် (၁၅)ရက်။

Myanmar Property Dealer

ကျွန်တော်တို့နေထိုင်ရာ ဒီကမ္ဘာမြေထဲမှာ အသံမကြားရတဲ့နေရာဆိုပြီး သင်ကြားဖူးပါသလား ... ။

စိတ်ငြိမ်ပြီး တိတ်ဆိတ်တဲ့နေရာရော ရှိပါလား

တိတ်ဆိတ်လွန်းအားကြီးလို့ ကိုယ့်နှလုံးခုန်သံကိုတောင် ကိုယ်ပြန်ကြားရလောက်တဲ့ထိ တိတ်ဆိတ်တဲ့နေရာရှိတယ်လို့

သင်ထင်ပါလား ... ။

ဒီလိုတိတ်ဆိတ်ငြိမ်သက်နေတဲ့နေရာမျိုးရှိရင်ရောအလည်သွားချင်လား ... ။

ဒီအခန်းထဲမှာ တစ်နာရီနေထိုင်ရုံနဲ့ အမေရိကန်ဒေါ်လာ သန်း (မြန်မာငွေ သိန်းပေါင်း သိန်း သောင်း‌‌ကျော်)ရရှိနိုင်မှာဖြစ်ပါတယ်။ မက်လောက်စရာပိုက်ဆံကိုပေးထားတာကြောင့်

လူအများက ဒီနေရာကိုလာရောက်ဝင်ပြိုင်ကြပါတယ်။ ဒါပေမယ့် တစ်ယောက်မှမနေနိုင်ခဲ့ကြပါဘူး။

ဘာလို့လဲဆို တိတ်ဆိတ်လွန်းအားကြီးတာကြောင့် သင့်ရဲ့လက်အကွေးအဆန့်လှုပ်နေစဉ်မှာတင် အရိုးချင်းပွတ်တိုက်မှုအသံကို သိရနိုင်လောက်တဲ့ထိ ကြားစေနိုင်တာကြောင့် spatial awareness လို့ခေါ်တဲ့ အလိုလိုသိစိတ်ကို ပျက်စီးစေပြီး ဟန်ချက်ပျက်သွားတာကြောင့် နောက်ဆုံးမှာ စိတ်ပိုင်းဆိုင်ရာကို စတင်ထိခိုက်လာပါတော့တယ်။

ဒီလောက်တောင်ဖြစ်နိုင်ပါ့မလားလို့တွေးနေရင်တော့မှားသွားပါလိမ့်မယ်

ပဲ့တင်သံလုံးဝမရှိတဲ့ anechoic အခန်းလို့ခေါ်ပြီး ကမ္ဘာ့အတိတ်ဆိတ်ဆုံးနေရာအဖြစ် ဂင်းနစ်စံချိန်တောင်ဝင်ထားပါတယ်။ လူတစ်ယောက်ပုံမှန်စကားပြောရင် ကြားနိုင်တဲ့ အသံသတ်မှတ်ချက် decibels ဟာ ၆၀ မှာရှိပြီး၊   ပုံမှန်အသက်ရှုသံဟာ decibels ဟာ  ၁၀ မှာသာရှိပါတယ်။ဒီအခန်းကတော့  -20.35 decibels မှာရှိနေပါတယ်။

သီအိုရီအရ အနိမ့်ဆုံးအဆင့်၊ အသံရဲ့ အကြွင်းမဲ့ သုညဖြစ်ပြီး လေဟာနယ် ဒါမှမဟုတ် အသံမရှိခြင်း ဘဲဖြစ်တယ်လို့ သင်္ချာပညာရှင်များကဆိုကြပါတယ်။

ဒီနေရာဟာ ဘယ်မှာရှိတာပါလဲ

ဝါရှင်တန်မြို့မှာရှိတဲ့ Microsoft ရုံးချုပ်မှာ ဒီဇိုင်းဆွဲ တည်ဆောက်ထားတာပဲဖြစ်ပါတယ်။

ဒီနေရာဟာ ကမ္ဘာပေါ်မှာ အတိတ်ဆိတ်ဆုံးနဲ့ အငြိမ်ဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်။

 

တိတ်ဆိတ်ငြိမ်သက်မှုရရှိစေရန် အခန်းကို ကြက်သွန်သဏ္ဍာန်ပုံစံဖြင့် ဒီဇိုင်းထုတ်ထားပြီး

 

အသံလှိုင်းများကို ဖြိုခွဲရန် ကြမ်းပြင်၊ မျက်နှာကျက်နဲ့ နံရံများမှာ ဖိုက်ဘာမှန်ချပ်များကို တပ်ဆင်ထားပါတယ်။ ကြမ်းပြင်မှာ အသံစုပ်ယူနိုင်စေရန် ကြိုးများပါတဲ့ ဇယားကွက်ဖော်ဆောင်ထားပါတယ်။

အခန်းထဲမှာ ဘယ်သူမဆို အကြာဆုံး နေထိုင်နိုင်ချိန်က ၅၅ မိနစ်သာရှိခဲ့တယ်လို့ Microsoft မှ Gopal က အတည်ပြုခဲ့ပါတယ်။

အထဲမှာ မိနစ် ၃၀ လောက်နေနိုင်တဲ့သူတွေ အများကြီးရှိတာကို သတိထားမိတယ်။ ဒါပေမယ့် တခြားသူတွေက စက္ကန့်အနည်းငယ်အတွင်း အပြင်ထွက်ဖို့ တောင်းဆိုတယ်။

လူတစ်ယောက် အခန်းထဲ ဝင်လာတာနဲ့ ဖော်ပြရခက်တဲ့ ထူးဆန်းပြီး ထူးခြားတဲ့ ခံစားမှုတစ်ခုကို ချက်ချင်းခံစားရပါတယ်။ခေါင်းကို လှည့်လိုက်တဲ့အခါ အဲဒီလှုပ်ရှားမှုကို ကြားနိုင်ပါတယ်။ အသက်ရှုသံကို ကိုယ်တိုင်ကြားရပြီး ကျယ်လောင်တယ်လို့ Microsoft မှ အကြားအာရုံနှင့် အကြားအာရုံဆိုင်ရာ သိပ္ပံပညာရှင် Hundraj Gopal မှ အီးမေးလ်ဖြင့် ရေးသားခဲ့ပါတယ်။

ဒါဆိုဒီအခန်းကို ဘာအတွက်သုံးကြတာလဲ?

Anechoic အခန်းများကို သိပ္ပံနည်းကျတဲ့ ထုတ်ကုန်အမျိုးမျိုးကနေ ထွက်ပေါ်လာတဲ့ ဆူညံသံများနဲ့ အသံများကို စမ်းသပ်ရန်အတွက် ယေဘူယျအားဖြင့် အသုံးပြုကြတာဖြစ်ပါတယ်။

Microsoft က ဒီအခန်းကို မိုက်ခရိုဖုန်းများ၊ လက်ခံကိရိယာများ၊ နားကြပ်များနဲ့စပီကာလိုမျိုး အသံပစ္စည်းများအတွက် ဒါမှမဟုတ် ကီးဘုတ်များ၊ မောက်စ်များ၊ ပန်ကာများ၊ ဖဖန်သားပြင်များလိုမျိုး ကွန်ပြူတာစက်ပစ္စည်းများမှ ကလစ်များနဲ့ အသံများကို ခွဲခြမ်းစိတ်ဖြာရန် အသုံးပြုကြတာဖြစ်ပါတယ်။ထုတ်ကုန်များထဲမှ တက်ဘလက်များရဲ့ Surface လိုင်းများ၊ Xbox ဂိမ်းကွန်ဆိုးလ်နဲ့ HoloLens VR မျက်မှန်များ၊ Skype နဲ့ Cortana virtual assistant တို့လိုမျိုး အသံအစိတ်အပိုင်းကို လွှမ်းမိုးထားတဲ့ ဆော့ဖ်ဝဲလ်များပါဝင်တဲ့နည်းပညာထုတ်ကုန်များစွာအပြင် အလားတူဒီလိုအခန်းမျိုးနဲ့တပုံစံတည်းတည်ဆောက်ထားတဲ့ အမေရိကန်ရဲ့လွတ်လပ်သော ဓာတ်ခွဲခန်းဖြစ်တဲ့ Orfield Laboratories မှာလည်း ဆေးဘက်ဆိုင်ရာ နှလုံးခုန်နှုန်းထိန်းစက်များ၊ အိပ်နေစဉ် အသက်ရှူကျပ်သည့်စက်များ၊ နားကြားကိရိယာများ၊ နှလုံးအဆို့ရှင်များ၊ စက်ပစ္စည်းများ၊ မော်တော်ယာဥ်အစိတ်အပိုင်းများစွာကိုဒီအခန်းတွင်းကနေ အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ဒီအခန်းဟာ သိပ္ပံဆိုင်ရာစမ်းသပ်မှုတခုအနေနဲ့ ဖန်တီးထားတာကြောင့် သာမန်လူတစ်ယောက်အနေနဲ့ နေထိုင်ဖို့ရာ  ရူးသွားလောက်တဲ့ အခန်းသက်သက်သာပဲဖြစ်လို့နေပါတော့တယ်ခင်ဗျာ... ။