Home  / News  / News Details

သတင်း အသေးစိတ်

၂၀၂၅ ခုနှစ် (၆)ကြိမ်မြောက် အာဆီယံစဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးမှုအရှိဆုံးမြို့ဆုကို ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့ ရရှိ

Oct 11, 2025  /

၂၀၂၅ ခုနှစ် (၆)ကြိမ်မြောက် အာဆီယံစဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးမှုအရှိဆုံးမြို့ဆုကို ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့ ရရှိ
အောက်တိုဘာ (၁၁)ရက်၊
Myanmar Property Dealer
၂၀၀၈ ခုနှစ်မှစတင်ပြီး သုံးနှစ်လျှင်တစ်ကြိမ်စိစစ်ရွေး ချယ်လျက်ရှိတဲ့ အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာရှေရှည်တည်တံ့သောမြို့ကြီးများလုပ်ငန်းအဖွဲ့ (ASEAN Working Group on Environmentally Sustainable Cities- AWGESC) မှရွေးချယ်တဲ့ ၂၀၂၅ ခုနှစ်အတွက် (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာစဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုကို မြန်မာနိုင်ငံကိုယ်စားပြု ကရင်ပြည်နယ် ဘားအံမြို့ကရရှိခဲ့ပါတယ်။
အဆိုပါဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ (၃)ရက်နေ့ကမလေးရှားနိင်ငံ ၊လန်ကာဝီမှာကျင်းပခဲ့ တာဖြစ်ပါတယ်။
လက်ရှိကရင်ပြည်နယ်တွင် သဘာဝကိုအခြေခံပြီး ခရီးသွားလုပ်ငန်းများဖွံဖြိုးတိုးတက်လျက်ရှိပြီး ကမ္ဘာလှည့်ခရီး သွားများအား ဆွဲဆောင်နိုင်တဲ့နေရာဒေသများစွာရှိနေတယ်လို့လည်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှသိရပါတယ်။