အိမ်ခြံမြေဈေးကွက်အတွင်းမှာ ငှားလိုအားများပြီး ၊ ငှားရမ်းအခန်းရှားနေတဲ့အခြေအနေဖြစ်နေတယ်လို့ အိမ်ခြံမြေဈေးကွက်အတွင်းကသိရပါတယ်။
ရန်ကုန်မြို့တွင်းပြောင်းရွှေ့နေထိုင်လိုသူ လူဦးရေတိုးလာသလို ၊လုပ်ငန်းလုပ်ကိုင်လိုသူတွေပုံမှန်ရှိ နေတာဖြစ်တဲ့အတွက် အငှားဈေးကွက်မှာ ငှားရမ်းလိုသူကများနေတယ်လို့ဆိုပါတယ်။
" ငှားရမ်းတဲ့ လုပ်ငန်းက လုပ်ငန်းကြီးလုပ်တဲ့သူ စားသောက်ဆိုင်လုပ်ငန်း ၊ ကား showroom လုပ်တဲ့သူတွေက ငှားရမ်းတာ အေးတယ်လို့ သိပ်မရှိပါဘူး။ သင်္ဃန်းကျွန်းပြည်သာယာလမ်းမ ၊ ဘောက်ထော်ပြည်သာယာလမ်းမတလျှောက်တွေဆို စားသောက်ဆိုင်လုပ်ငန်းကိုရင်းနှီးမြုပ်နှံပြီးငှားရမ်းကြတာတွေ့ပါတယ်လို့ " မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို) ၊ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
နေထိုင်ဖို့အတွက် မြို့နယ် ရပ်ကွက်တိုက်ခန်းတွေမှာ ငှားရမ်းသူအရေအတွက် တိုးလာသလို ၊ ရန်ကုန်မြို့ရဲ့ အဓိက လမ်းမကြီးတွေဖြစ်တဲ့ မိုးကောင်းလမ်း ၊ အောင်ဇေယျလမ်း ၊ရန်ကင်းမြို့နယ် ၊ရွှေတောင်ကြားလမ်း ၊ အင်းလျားမြိုင်လမ်းမ ၊ ကမ္ဘောဇလမ်း ၊ အင်းစိန်လမ်းမကြီး စတဲ့ main လမ်းတွေမှာလည်းစားသောက်ဆိုင်တွေ လာရောက်လုပ်ကိုင်ကြတာတွေရှိကြတယ်လို့သိရပါတယ်။
ငှားရမ်းခ ဈေးနှုန်းအနေနဲ့ ပေ ၁၀၀ ပတ်လည်ဆို အနည်းဆုံး ကျပ် သိန်း ၈၀ ဝန်းကျင် ကနေ ကျပ်သိန်း ၁၂၀ ထိ မြေအကျယ်အဝန်း ၊ အဆောက်အဦ ပါမပါ ၊စတာတွေပေါ်မူတည်ပြီးဈေးနှုန်းပြောင်းလဲမှုရှိတယ်လို့သိရပါတယ်။
ဗဟန်းမြို့နယ် ၊ ပြည်လမ်း ၊ ကမ္ဘာအေး ၊ ရန်ကုန်အင်းစိန်လမ်းမ စတဲ့ ရန်ကုန်မြို့ မိန်းလမ်းတွေမှာ ပေ ၁၀၀ ပတ်လည်ကို အနည်းဆုံး သိန်း ၁၀၀ ကနေ ၁၂၀ ဝန်းကျင်နဲ့ အဆောက်အဦမပါ၊ မြေသီးသန့် ပြုပြင်မထားတာဆိုရင် ကျပ် သိန်း ၆၀ ကနေ ၇၀ ဝန်းကျင်အတွင်း ရရှိတယ်လို့ ဈေးကွက်အတွင်းကသိရပါတယ်။
လက်ရှိ အိမ်ခြံမြေဈေးကွက်အနေနဲ့ ဈေးကွက် အရမ်းအေးပြီး၊ပြိုဆင်းသွားတဲ့ အနေအထားမရှိပါဘဲ၊ အရောင်းအဝယ်ပုံမှန်ရှိနေတယ်လို့လည်းသိရှိပါတယ်။