Home  / News  / News Details

News Details

ရန်ကုန် - ဒလ မြစ်ကူးတံတား၏ ပင်မတံတားစီမံကိန်း အောင်မြင်စွာချိတ်ဆက်

Oct 11, 2025  /

ရန်ကုန် - ဒလ မြစ်ကူးတံတား၏ ပင်မတံတားစီမံကိန်း အောင်မြင်စွာချိတ်ဆက်

 

အောက်တိုဘာ (၁၁)ရက်၊

Myanmar Property Dealer

 

 မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား ရန်ကုန် - ဒလ မြစ်ကူးတံတား၏ ပင်မတံတားစီမံကိန်းကို ယနေ့ မောက်တိုဘာ(၁၀)ရက်နေ့တွင် အောင်မြင်စွာချိတ်ဆက်နိုင်ခဲ့ကြောင်း သိရပါတယ်။

 အဆိုပါ တံတားဆက်ခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံ ယာယီသမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့

တယ်လို့သိရပါတယ်။

ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်းအား ကိုရီးယား-မြန်မာချစ်ကြည်ရေးအဖြစ် ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေ(EDCF Loan)ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း(စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း)ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါ ရန်ကုန်-ဒလတံတားသည် သံကူကွန်ကရစ်ကိုယ်ထည်ပေါ်တွင် သံမဏိကြိုးဆိုင်း ဖြင့်တွဲထားတဲ့ လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားဖြစ်ကာ အရှည် ၁၈၆၇ မီတာ၊ အကျယ် ၂၆ ဒသမ မီတာရှိပြီး တံတားခံနိုင်ဝန်သည် ယာဥ်တစ်စီးချင်းစီအတွက် ၇၅ တန်ဖြစ်ကြောင်း သိရပါတယ်။

တံတားဘေးနှစ်ဖက်တွင် တစ်ဖက်လျှင် မီတာကျယ် ဝန်းတဲ့ လူသွားလမ်းပလက်ဖောင်းပါရှိပြီး ဒလဘက်ခြမ်း၏ ချဉ်းကပ်တံတားအရှည်သည် ၅၇၇ မီတာဖြစ်ပြီး ရန်ကုန်ဘက်ခြမ်း၏ ချဉ်းကပ်တံတားအရှည်သည် ၆၀၁ မီတာ၊ ရေလယ်ပင်မတံတားအရှည်သည် ၆၉၀ မီတာဖြစ်ပြီး ဆင်ခြေလျှောတံတားများသည် ၂၃ ပေအကျယ်ရှိကြောင်း ပင်မတံတားကြီး၏ အောက်ဘက်တွင် (DWT) တန်ချိန်တစ်သောင်းခွဲရှိ နိုင်ငံတကာကုန်တင်သင်္ဘောများဖြတ်သန်းသွားလာနိုင်ရန် ရေလမ်းကင်းလွတ်အမြင့် ၄၉ မီတာ (၁၆၀ ပေ) ရေလမ်းကင်းလွတ်အကျယ် ၃၀၁ မီတာ (၉၉၈ ပေ) ဖြင့်တည်ဆောက်လျက်ရှိတယ်လို့သိရပါတယ်။

 အဆိုပါ တံတားကို ယခုနှစ် နှစ်ကုန်ပိုင်း၌ လွှဲပြောင်းပေးအပ်နိုင်ရန် မျှော်မှန်းထားကြောင်း လည်းသိရပါတယ်။