ရန်ကုန်
- ဒလ မြစ်ကူးတံတား၏ ပင်မတံတားစီမံကိန်း အောင်မြင်စွာချိတ်ဆက်
အောက်တိုဘာ (၁၁)ရက်၊
Myanmar Property Dealer
မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား ရန်ကုန် -
ဒလ မြစ်ကူးတံတား၏ ပင်မတံတားစီမံကိန်းကို ယနေ့ မောက်တိုဘာ(၁၀)ရက်နေ့တွင်
အောင်မြင်စွာချိတ်ဆက်နိုင်ခဲ့ကြောင်း
သိရပါတယ်။
အဆိုပါ
တံတားဆက်ခြင်း အခမ်းအနားသို့ မြန်မာနိုင်ငံ ယာယီသမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့
တယ်လို့သိရပါတယ်။
ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်းအား
ကိုရီးယား-မြန်မာချစ်ကြည်ရေးအဖြစ် ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေ(EDCF
Loan)ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ ပြည်တွင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁
သန်း(စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်း)ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ
ရန်ကုန်-ဒလတံတားသည် သံကူကွန်ကရစ်ကိုယ်ထည်ပေါ်တွင်
သံမဏိကြိုးဆိုင်း ဖြင့်တွဲထားတဲ့ လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားဖြစ်ကာ
အရှည် ၁၈၆၇ မီတာ၊ အကျယ် ၂၆ ဒသမ ၅
မီတာရှိပြီး တံတားခံနိုင်ဝန်သည် ယာဥ်တစ်စီးချင်းစီအတွက် ၇၅ တန်ဖြစ်ကြောင်း သိရပါတယ်။
တံတားဘေးနှစ်ဖက်တွင်
တစ်ဖက်လျှင် ၄ မီတာကျယ် ဝန်းတဲ့
လူသွားလမ်းပလက်ဖောင်းပါရှိပြီး
ဒလဘက်ခြမ်း၏ ချဉ်းကပ်တံတားအရှည်သည် ၅၇၇ မီတာဖြစ်ပြီး ရန်ကုန်ဘက်ခြမ်း၏ ချဉ်းကပ်တံတားအရှည်သည် ၆၀၁ မီတာ၊ ရေလယ်ပင်မတံတားအရှည်သည် ၆၉၀ မီတာဖြစ်ပြီး ဆင်ခြေလျှောတံတားများသည် ၂၃ ပေအကျယ်ရှိကြောင်း ၊ ပင်မတံတားကြီး၏
အောက်ဘက်တွင် (DWT) တန်ချိန်တစ်သောင်းခွဲရှိ နိုင်ငံတကာကုန်တင်သင်္ဘောများဖြတ်သန်းသွားလာနိုင်ရန်
ရေလမ်းကင်းလွတ်အမြင့်
၄၉ မီတာ (၁၆၀ ပေ)၌ ရေလမ်းကင်းလွတ်အကျယ်
၃၀၁ မီတာ (၉၉၈ ပေ) ဖြင့်တည်ဆောက်လျက်ရှိတယ်လို့သိရပါတယ်။
အဆိုပါ
တံတားကို ယခုနှစ် နှစ်ကုန်ပိုင်း၌ လွှဲပြောင်းပေးအပ်နိုင်ရန် မျှော်မှန်းထားကြောင်း လည်းသိရပါတယ်။