ရန်ကုန်မြို့တွင်း မြို့နယ်တချို့ရှိ စက်မှုဇုန်ဈေးကွက်အခြေနေ အရောင်းအဝယ်အေးနေတယ်လို့သိရ
ဧပြီလ ( ၂၂ )ရက် ။
Myanmar Property Dealer
ရန်ကုန်မြို့အတွင်းစက်မှုဇုန်ဈေးကွက်အခြေနေမှာလတ်တလောကာလအတွင်းအရောင်းအဝယ်ရပ်ဆိုင်းနေတယ်လို့ စက်မှုဇုန်များရောင်း၊ဝယ်၊ငှားဝန်ဆောင်မှုပေးနေတဲ့အကျိုးဆောင်များထံမှသိရှိရတာပါ။
‘’ ကျွန်တော်တို့ လှိုင်သာယာစက်မှုဇုန်ထဲမှာတော့အရောင်းအဝယ်တွေအေးနေတယ်။အခုကာလတွေကလည်း စပ်ကူးမတ်ကူးကာလဆိုတော့ အရောင်း ၊အဝယ် ၊အဌား ကတော့မရှိသလောက်ဘဲ’’ ဟုလှိုင်သာယာ စက်မှုဇုန်များကို ဝန်ဆောင်မှုပေးနေတဲ့အကျိုးဆောင်တစ်ဦးထံကသိရပါတယ်။
ဒါ့အပြင် ရွှေပြည်သာစက်မှုဇုန်ထဲတွင်လည်း အရောင်းအဝယ်မရှိသလောက်ဖြစ်နေပြီး ရောင်းချစရာမြေနေရာ လွတ်များလည်းမရှိတော့ကြောင်းသိရပါတယ်။
‘’မြောက်ဥက္ကလာ၊ရွှေပေါက်ကံနှင့် မင်္ဂလာဒုံစက်မှုဇုန်ဝန်းအတွင်းတွင်လည်း စက်မှုဇုန်မြေနေရာများ အရောင်းအဝယ် မဖြစ်ပေမယ့်အငှားက တော့လက်ရှိမှာအလုပ်ဖြစ်နေတယ်လို့လည်း’’ နေထူးနိင်အကျိုးဆောင် ထံ မှသိရပါတယ်။
အလားတူ ဒဂုံဆိပ်ကမ်းစက်မှုဇုန်အတွင်းမှာရှိတဲ့ ဇုန်(၁)၊ဇုန်(၂)နှင့်ဂျပန်ဇုန်များမှာတော့အရောင်းအဝယ်ဖြစ်နေပြီး ရောင်းချမယ့်သူမရှိဘဲအဝယ်များနေတယ်လို့လည်းဒဂုံဆိပ်ကမ်းအိမ်ခြံမြေအကျိုးဆောင်များထံကသိရတာပါ။
#စက်မှုဇုန်ဈေးကွက်
#မြောက်ဥက္ကလာစက်မှုဇုန်
#ရွှေပေါက်ကံစက်မှုဇုန်
#မင်္ဂလာဒုံစက်မှုဇုန်
#myanmarpropertydealer
#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD
#yangon
#property
#stayinformed