Home  / News

သတင်းများ

blog image

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒို မြေကွက်နဲ့ ပိုင်ဆိုင်ခွင့်တွေ လေလံတင်မည်

Oct 27, 2026  /

မန္တလေးငလျင်ကြီးကြောင့် ပြိုကျခဲ့ပြီး လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့တဲ့ Sky Villa ကွန်ဒိုရဲ့ မြေကွက်နဲ့ ပိုင်ဆိုင်ခွင့်တွေကို လာမယ့် နိုဝင်ဘာလအတွင်း လေလံတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

blog image

ထိုင်းနိုင်ငံတွင် အမည်ခံမြေယာပိုင်ဆိုင်မှုများကို တစ်နိုင်ငံလုံး နှိမ်နင်းမည်

Oct 27, 2026  /

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံသားတွေကို အမည်ခံအသုံးပြုပြီး စီးပွားရေးလုပ်ငန်း လုပ်ကိုင်တာနဲ့ မြေယာပိုင်ဆိုင်တာတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တိုးချဲ့နှိမ်နင်းသွားမယ်လို့ ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်က အောက်တိုဘာ ၂၁ ရက်မှာ ကြေညာခဲ့ပါတယ်။

blog image

ဘားအံမြို့တွင် Kawt Ma Yan Resort မကြာမီ ဖွင့်လှစ်မည်

Oct 24, 2026  /

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စိုက်ပျိုးရေးအတွေ့အကြုံနဲ့ အပန်းဖြေခရီးသွားလုပ်ငန်းကို ပေါင်းစပ်ထားတဲ့ Kawt Ma Yan Resort ကို မကြာမီ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။

blog image

လှိုင်ရတနာမြို့သစ်စီမံကိန်းရှိ အိမ်ရာမြေကွက်ဖော်ထုတ်နေမှု မွန်ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

Oct 23, 2026  /

လှိုင်ရတနာမြို့သစ်စီမံကိန်းကို မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ ငွေမိုးလုပ်ငန်းစုတို့ ပူးပေါင်းအကောင်အထည်ဖော်နေတာဖြစ်ပြီး မြေကွက်တွေကို ဇုန် A၊ ဇုန် B နဲ့ ဇုန် C ဆိုပြီး အမျိုးအစား သုံးမျိုးခွဲခြားကာ ထောင်နဲ့ချီ ဖော်ထုတ်ထားတယ်လို့ သိရပါတယ်။

blog image

ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်ထက် အငှား ရှာဖွေသူပိုများနေ

Oct 23, 2026  /

ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ ဝါကျွတ်ကာလနီးလာလို့ အိမ်အရောင်းအဝယ်တွေထက် အိမ်အငှား ပိုရှာဖွေသူများနေကြောင်း အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။ 

blog image

တိုင်းဒေသကြီးနဲ့ ပြည်နယ် ၄ ခုက နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ အဆောက်အအုံ ၁၄ ခုကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်

Oct 17, 2026  /

ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာရှိတဲ့ နှစ်ပေါင်း ၁၀၀ နဲ့အထက် သက်တမ်းရှိ အဆောက်အအုံ ၁၄ ခုကို ရှေးဟောင်းအဆောက်အအုံတွေအဖြစ် သတ်မှတ်လိုက်ပြီလို့ မြန်မာနိုင်ငံတော်ပြန်တမ်း ထုတ်ပြန်ချက်အရ သိရပါတယ်။

blog image

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေအတွက် အမည်ခံကုမ္ပဏီတွေနဲ့ ဝယ်ယူထားတယ်လို့ သံသယရှိတဲ့ ဇိမ်ခံအိမ်ရာတွေကို ဝင်ရောက်စစ်ဆေး၊ ၁၁ ဦး ဖမ်းဆီး

Oct 17, 2026  /

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ နိုင်ငံခြားသားတွေက ထိုင်းနိုင်ငံသားတွေကို အမည်ခံအသုံးပြုပြီး ပိုင်ဆိုင်ထားတယ်လို့ သံသယရှိတဲ့ တန်ဖိုး ဘတ် ၆ ဘီလီယံကျော်ရှိ ဇိမ်ခံအိမ် ၉၄ လုံးကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးခဲ့ပြီး လူ ၁၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

blog image

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းများနှင့်အတူ လေဆိပ်အဆင့်မြှင့်တင်ရေး ကြိုတင်ဆောင်ရွက်

Oct 16, 2026  /

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းတွေ အကောင်အထည်ဖော်လာတာနဲ့အမျှ ခရီးသည်ဝင်ထွက်မှုနဲ့ လေယာဉ်ခရီးစဉ်တွေ ပိုမိုများပြားလာနိုင်တဲ့အတွက် ထားဝယ်လေဆိပ်နဲ့ လေယာဉ်ပြေးလမ်းကို ကြိုတင်အဆင့်မြှင့်တင်နေတယ်လို့ သိရပါတယ်။

blog image

မြေကွက်လွတ်များ ရှင်းလင်းမှုမရှိပါက စည်ပင်က ဝင်ရောက်ရှင်းလင်းမည်၊ ကုန်ကျစရိတ်ကို မြေပိုင်ရှင်က ကျခံရမည်

Oct 16, 2026  /

 ရန်ကုန်မြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း လူနေထိုင်မှုမရှိဘဲ မြက်နှင့် ချုံနွယ်ပိတ်ပေါင်းများ ထူထပ်စွာ ပေါက်ရောက်နေတဲ့ မြေကွက်လွတ်များကို သက်ဆိုင်ရာ မြေပိုင်ရှင်များအနေဖြင့် ကိုယ်တိုင်ရှင်းလင်းဆောင်ရွက်ကြရန် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီက အသိပေးကြေညာထားရှိပါတယ်။

blog image

အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ရန်ကုန်ရှိ အိမ်ရာအခန်း ၂၀၀ ကို နိုဝင်ဘာလတွင် ရောင်းချမည်

Oct 13, 2026  /

ရန်ကုန်တိုင်းအတွင်းရှိ ယုဇနအိမ်ရာနဲ့ ကျန်စစ်မင်းအိမ်ရာစီမံကိန်းတွေထဲက အခန်းပေါင်း ၂၀၀ ကို အတိုးနှုန်းသက်သာတဲ့ အိမ်ရာချေးငွေစနစ်နဲ့ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလအတွင်း ရောင်းချပေးသွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။