Home  / News  / News Details

သတင်း အသေးစိတ်

ဦးပိန်တံတားနှင့် ပြင်ဦးလွင်ရှိ ရှေးဟောင်းအဆောက်အအုံများကို မြို့ပြအမွေအနှစ်အမှတ်အသား ကမ္ပည်းကြေးပြားများ တပ်ဆင်

Aug 22, 2026  /

ဦးပိန်တံတားနှင့် ပြင်ဦးလွင်ရှိ ရှေးဟောင်းအဆောက်အအုံများကို မြို့ပြအမွေအနှစ်အမှတ်အသား ကမ္ပည်းကြေးပြားများ တပ်ဆင်

 

ဩဂုတ်  (၂၂)

Myanmar Property Dealer

နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံတွေဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတားနဲ့ ပြင်ဦးလွင်မြို့ရှိ သဇင်မြိုင်၊ ချယ်ရီမြိုင်နဲ့ မြိုင်ကြီး အဆောက်အအုံတွေမှာ ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား ကမ္ပည်းမော်ကွန်းကြေးပြားတွေ တပ်ဆင်ခဲ့တယ်လို့ သိရပါတယ်။

အမရပူရမြို့ တောင်သမန်အင်းမှာရှိတဲ့ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ဦးပိန်တံတားမှာ ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခြင်းအခမ်းအနားကို ဩဂုတ် ၂၀ရက်နေ့က  ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နဲ့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်တို့က ကမ္ပည်းမော်ကွန်းကြေးပြားကို ဖွင့်လှစ်ပေးခဲ့ပြီး ဦးပိန်တံတားအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

ဦးပိန်တံတားကို အေဒီ ၁၈၅၁ ခုနှစ်မှာ အင်းဝနန်းတော်နဲ့ စစ်ကိုင်းနန်းတော်တို့က နန်းတော်တိုင်တွေနဲ့ သစ်သားတွေကို အသုံးပြုပြီး တောင်သမန်အင်းကို ဖြတ်ကာ အမရပူရမြို့နဲ့ တောင်သမန်ရွာတို့ကို ဆက်သွယ်နိုင်ဖို့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါတံတားကို အမရပူရမြို့ဝန် ဘိုင်ဆပ်ရဲ့ တပည့်ဖြစ်သူ မြို့စာရေး မောင်ပိန်က တည်ဆောက်ခဲ့တာဖြစ်ပြီး တည်ဆောက်စဉ်က တိုင်ပေါင်း ,၀၈၆ တိုင်၊ အရှည် ,၉၈၇ ပေရှိခဲ့ကာ အနားယူနိုင်ဖို့ ဇရပ် ဆောင်လည်း ထည့်သွင်းတည်ဆောက်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဦးပိန်တံတားဟာ သက်တမ်း ၁၇၅ နှစ်ခန့် ရှိပြီဖြစ်ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားတွေ လာရောက်လေ့လာအပန်းဖြေကြတဲ့ အထင်ကရနေရာတစ်ခု ဖြစ်ပါတယ်။

အခုလို ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ပေးခြင်းဟာ အဆိုပါနေရာတွေကို ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အသိအမှတ်ပြု ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့အပြင် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက်လည်း အထောက်အကူဖြစ်စေမယ်လို့ သိရပါတယ်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးဟာ ပြင်ဦးလွင်မြို့မှာရှိတဲ့ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံတွေဖြစ်တဲ့ သဇင်မြိုင်၊ ချယ်ရီမြိုင်နဲ့ မြိုင်ကြီး အဆောက်အအုံတွေမှာ ရှေးဟောင်းမြို့ပြအမွေအနှစ်အမှတ်အသား ကမ္ပည်းမော်ကွန်းကြေးပြား တပ်ဆင်ခြင်းအခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။

အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားခဲ့ပြီး ပြင်ဦးလွင်မြို့ရှိ သဇင်မြိုင်၊ ချယ်ရီမြိုင်နဲ့ မြိုင်ကြီးအဆောက်အအုံတွေမှာ ကမ္ပည်းမော်ကွန်းကြေးပြားတွေကို တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကမ္ပည်းမော်ကွန်းကြေးပြားတွေ တပ်ဆင်ခြင်းဟာ သမိုင်းဝင်အဆောက်အအုံတွေရဲ့ တန်ဖိုးနဲ့ သမိုင်းကြောင်းကို မှတ်တမ်းတင်ထားနိုင်စေပြီး ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမယ့် ဆောင်ရွက်ချက်တစ်ရပ် ဖြစ်ပါတယ်။