Home  / News  / News Details

သတင်း အသေးစိတ်

သန်လျင်တံတား အမှတ် (၃) စီမံကိန်း (၉၇) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်

Feb 19, 2024  /

သန်လျင်တံတား အမှတ် (၃) စီမံကိန်း (၉၇) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ် ဖေဖော်ဝါရီလ ( ၁၉)ရက်။ Myanmar Property Dealer ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်ထားသည့် ပဲခူးမြစ်ကူး သန်လျင်တံတား အမှတ် (၃) စီမံကိန်းတစ်ခုလုံး၏ ပြီးစီးမှုသည် (၉၇) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊တည်ဆောက်ရေးအဖွဲ့(၃) မှ သိရပါတယ်။ အဆိုပါတံတားကိုဆောက်လုပ်ရေးဝန်ကြီးဌာနမှဂျပန်နိုင်ငံ အကူအညီဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ကေဘယ်စတီး သံမဏိကြိုးဆိုင်းတံတာအမျိုးအစားဖြစ်ပါတယ်။ " ဒီတံတားကို ပက်ကေ့သုံးခုခွဲပြီး လုပ်ဆောင်ပါတယ်။ တံတားဦးစီး‌ဌာနအနေနဲ့ တံတားတစ်စင်းလုံးရဲ့လက်ရန်းနဲ့ ပလက်ဖောင်းတွေကို ဆောင်ရွက်ပါတယ်။ လျှပ်စစ်မီးအပိုင်းကိုလည်း ဆောင်ရွက်ပါတယ်။ တံတားအသစ်မှာ အသွားနှစ်လမ်း၊အပြန်နှစ်လမ်း၊လေးလမ်းသွားပါ"ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊တည်ဆောက်ရေးအဖွဲ့(၃) မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ အဆိုပါ တံတားအရှည်မှာ မြစ်ကူးတံတားအပိုင်း ၆၆၆၃ ပေ၊ ကုန်းကျော်တံတားအပိုင်း ၁၉၇၅ ပေ၊ စုစုပေါင်း ၈၆၃၈ ပေရှိပြီး တံတားအကျယ် ၇၅ ပေဖြစ်ကြောင်း၊ ၄ လမ်းသွားတံတားဖြစ်ပြီး တစ်ဘက်လျှင် မော်တော်ဆိုင်ကယ်လမ်း ၅ ပေစီပါရှိကြောင်း၊ သံမဏိကြိုးဆိုင်းတံတား (Cable Stayed Bridge)၊ Steel Box နှင့် PC Box အမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန်ဖြစ်ပါတယ်။ ယင်းတံတားကို ၂၀၂၄ ခုနှစ်၊မေလတွင်ပြီးစီးရန်လျာထားတာလည်း ဖြစ်ပါတယ်။