အိမ်ရာအဆောက်အအုံတည်ဆောက်ခြင်းအပါအဝင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်
၂၀ ခုခွင့်ပြု
ဇန်နဝါရီ
( ၂၈ )ရက်။
Myanmar
Property Dealer
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏
(၁/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးကနေ ပြည်တွင်းတွင်
အမေရိကန်ဒေါ်လာ (၆၂ ဒသမ ၉၁၁)
သန်းတန်ဖိုးရှိ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းအသစ်
(၂၀)ခု ခွင့်ပြုပေးလိုက်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ
သိရပါတယ်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်များတွင်
စက်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍတို့မှ
လုပ်ငန်းအသစ်လေးခု၊ စက်မှု၊ ဟိုတယ်ခရီး၊ လျှပ်စစ်၊ အိမ်ရာအဆောက်အအုံတည်ဆောက်ခြင်း၊
မွေးမြူရေးနှင့် ရေလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍများမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း
အသစ် (၁၆) ခုတို့ကို ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိဆောင်ရွက်ဆဲ
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏
မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင်
ရင်းနှီးမြှုပ်နှံမှုပမာဏမှာ
အမေရိကန်ဒေါ်လာ (၆၂ ဒသမ ၉၁၁)
သန်းနှင့် ကျပ် (၂,၁၂၀,၄၃၆
ဒသမ ၆၅၂) သန်းတို့ဖြစ်တယ်လို့လည်းသိရပါတယ်။
အခုလို ခွင့်ပြုပေးလိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြောင့်
အလုပ်အကိုင်အခွင့်အလမ်းပေါင်း
(၃၃၈၀) ကျော်ကို အခွင့်အလမ်းများဖန်တီးပေးနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံ၊ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်ထားတဲ့ နိုင်ငံ၊ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်း နိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ကဏ္ဍများမှာ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံ မှု၏ ၂၈ ဒသမ ၂၉ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ ၂၄ ဒသမ ၆၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၆၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရင်းနှီး မြှုပ်နှံထားတယ်လို့လည်းသိရပါတယ်။