Home  / News  / News Details

သတင်း အသေးစိတ်

နေပြည်တော်ကောင်စီနယ်မြေတွင် အဆင့်မြင့်အိမ်ရာစီမံကိန်း တည်ဆောက်ရန် စိတ်ဝင်စားသော လုပ်ငန်းရှင်/ကုမ္ပဏီများအား ဖိတ်ခေါ်

Sep 18, 2024  /

နေပြည်တော်ကောင်စီနယ်မြေတွင် အဆင့်မြင့်အိမ်ရာစီမံကိန်း တည်ဆောက်ရန် စိတ်ဝင်စားသော လုပ်ငန်းရှင်/ကုမ္ပဏီများအား ဖိတ်ခေါ် 

စက်တင်ဘာ(၁၈)ရက်                     

Myanmar property Dealer

 နေပြည်တော်ကောင်စီနယ်မြေအတွင်း  တည်ဆောက်မယ့် အဆင့်မြင့်အိမ်ရာစီမံကိန်း  Lot ()ခု ကို အလုံးစုံရင်းနှီးမြှုပ်နှံတည်ဆောက်ရန်အတွက် Developer လုပ်ငန်းရှင်/ကုမ္ပဏီများအား စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ Expression of Interest (EOI)များကို  နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာနမှ ဖိတ်ခေါ်လျှက်ရှိတယ်လို့သိရပါတယ်။

 အဆိုပါ အဆင့်မြင့်အိမ်ရာစီမံကိန်းများကို နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်း အရှေ့ဘက်၊သုခတော်ဝင်အိမ်ရာအနီး၊မြေဧရိယာ(၃၀)ဧကခန့်ရှိ စီမံကိန်းနေရာ ()၊ပျဉ်းမနား-တောင်ညိုလမ်း၏အရှေ့ဘက်၊ DENKO စက်သုံးဆီအရောင်းဆိုင်အနီး၊မြေဧရိယာ (၃၀)ဧကခန့်ရှိ စီမံကိန်းနေရာ () နှင့် ဓနသိဒ္ဓိရပ်ကွက်၊တော်ဝင်သီရိလမ်း၏ အနောက်ဘက်၊သံတမန်ဇုံအနီး၊မြေဧရိယာ (၃၀)ဧကခန့်ရှိ စီမံကိန်းနေရာ ()တို့တွင် တည်ဆောက်မှာဖြစ်တယ်လို့သိရပါတယ်။

 Expression of Interest (EOI) Form အဆိုပြုလွှာပုံစံနှင့် စည်းကမ်းချက်များကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန (အဆောက်အအုံ) တွင်  ၂၀၂၄ခုနှစ်၊စက်တင်ဘာလ ၁၇ ရက်နေ့မှ စတင်ပြီး မိမိတို့ ကုမ္ပဏီဆိုင်ရာအထောက်အထားမိတ္တူများ ပြသလျက်လာရောက်ဝယ်ယူနိုင်ပြီး လျှောက်လွှာဖောင်များကို  အောက်တိုဘာ ၄ ရက်နေ့ နောက်ဆုံးထားတင်သွင်းရမှာဖြစ်တယ်လို့နေပြည်တော်စည်ပင်သာယာရေးကော်မတီ (တင်ဒါကော်မတီ)မှကြော်ငြာထားရှိပါတယ်။