Home  / News  / News Details

သတင်း အသေးစိတ်

အိမ်၊ခြံ၊ မြေအရောင်းအဝယ်လုပ်တဲ့‌နေရာမှာစာရွက်စာတမ်းမမှန်ကန်မှုတွေများလာ

Jun 27, 2024  /

အိမ်၊ခြံ၊ မြေအရောင်းအဝယ်လုပ်တဲ့‌နေရာမှာစာရွက်စာတမ်းမမှန်ကန်မှုတွေများလာ

ဇွန်လ (၂၇)ရက်။

Myanmar Property Dealer

 

အိမ်၊ခြံ၊မြေအရောင်းအဝယ်ပြုလုပ်‌မည်ဆိုပါက ပါမစ်၊ ဂရန် စာရွက်စာတမ်း စစ်ဆေးတဲ့အခါ အမည်ပေါက်လွဲမှား နေတာ တွေ ဖြစ်တက်ပြီး၊ ဂရန် မမှန်ကန်တာတွေ ၊ ကန့်ကွက်မှုရှိ နေ‌‌တာတွေကိုမသိရှိတဲ့အတွက် ရောင်းမှား၊ဝယ်မှား တွေရှိနေ ပြီးအိမ်၊ခြံ၊ မြေအရောင်းအဝယ်လုပ်တဲ့‌နေရာမှာ လည်း စာရွက်စာတမ်းမမှန်ကန်မှုတွေများလာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်များထံမှသိရပါတယ်။

‘’စာရွက်စာတမ်းမမှန်ဘူးဆိုတာဘယ်လိုမမှန်တာလဲဆိုရင် မသမာတဲ့နည်းနဲ့အတုလုပ်တာတွေရှိတယ်။ ကျွန်တော်ရဲ့ လုပ်ငန်းအတွေ့အကြုံပြောရရင် စာရွက်စာတမ်းမှန်ကန်မှုရှိတယ်ဆိုရင်တောင်မှ လိမ်မယ် ဆိုရင်လိမ်လို့ရတဲ့နည်းတွေရှိတယ်။ဥပမာ-စာရွက်စာတမ်းပါမစ်ဖြစ်ဖြစ်၊ဂရန်ဖြစ်ဖြစ် ကျွန်တော်တို့စစ်ဆေးတဲ့ အခါမှာ စည်ပင်၊အိုးအိမ်တို့မှာ နာမည်အမည်ပေါက်မှန်ကန်မှုရှိတယ်။နောက်တခါ ပြစ်ချက်တခု မှမရှိဘူး၊ ကန့်ကွက်မှုလည်းမရှိဘူးဆိုရင်ဒါမျိုးကခိုင်မာတယ်။ဝယ်လို့ရတာတွေရှိတယ်’’ဟု မြန်မာနိုင်ငံ  အိမ်ခြံ မြေ ဝန်ဆောင်မှု အသင်း တောင်ဒဂုံ မြို့နယ် က အတွင်းရေးမှူး ဦးအေးလွင်က‌ ပြောပါတယ်။

စာရွက်စာတမ်း စစ်တဲ့အခါ သက်ဆိုင်ရာ ဌာန အသီးသီးမှာ သွားရောက်စစ်ဆေးသင့်ပြီးအိမ် ၊ခြံ၊မြေကို ရပ်ကွက်ကြမ်းခင်းဈေးထက် နိမ့်ပြီးအ ရောင်းအဝယ် လုပ်ထားတဲ့ စာရွက်စာတမ်းတစ်ခု ဆိုရင် ဒါဟာ မမှန်ကန်တဲ့ အရာလို့ သတ်မှတ်ပြီး အရောင်းအဝယ် မလုပ်ဖို့လိုပါတယ်’’ဟုလည်း သူကဆိုပါတယ်။

ဒါ့အပြင် အိမ်၊ခြံ ၊မြေအကျိုးဆောင် တွေအနေနဲ့လည်း အရောင်းအဝယ် လုပ်တဲ့ နေရာမှာ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့လိုအပ်ပြီး၊ကိုယ်တာဝန်ယူထားတဲ့အ လုပ်ပေါ်မှာ အမှားယွင်းတစ်ခု ဖြစ်လာရင် ခေါင်းမရှောင်ဖို့ နဲ့ ပြသာနာကိုရှင်း ပေးရမှာက အကျိုးဆောင် တွေရဲ့ တာဝန်ဖြစ်တယ်ဟုလည်း အိမ်ခြံမြေအကျိုးဆောင်အသိုင်းအဝိုင်းထံကနေသိရပါတယ်။

တောင်ဒဂုံမြို့နယ်ရဲ့ အိမ်ခြံ  မြေအရောင်းအဝယ် ကတော့ လက်ရှိမှာ ရပ်တန့်‌နေပြီးဈေးနှုန်းကကျဆင်းမသွားပဲ ပုံမှန်ပဲလို့သိရပြီး၊အကျိုးဆောင်တွေအနေနဲ့လည်း စီးပွား ရေးအ ခြေနေကြောင့်အရောင်းအပ်ထားပြီး အရောင်းပြန်ပိတ်သွားတာ တွေရှိသလို ၊ရောင်းမယ် ပြောဆိုပြီး ဈေး ကွက်ကို ပြောင်းလိုက်တဲ့ အခါမျိုးနဲ့ ကြုံတွေ့နေရတာတွေရှိနေတယ်လို့သိရပါတယ်။

(တိုးကြီး)