Home  / News  / News Details

သတင်း အသေးစိတ်

ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံသားမျာဝယ်ယူမှု ၂ဆမြင့်တက်လာတဲ့ ထိုင်းကွန်ဒို

Sep 27, 2024  /

ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံသားမျာဝယ်ယူမှု ၂ဆမြင့်တက်လာတဲ့ ထိုင်းကွန်ဒို
စက်တင်ဘာ (၂၇ )ရက်။
Myanmar Property Dealer
ထိုင်းနိုင်ငံမှ ကွန်ဒိုတိုက်ခန်းတွေ ဝယ်ယူနေမှုများကို နစက အစိုးရဘက်မှ တင်းကြပ်စွာ ပိတ်ပင်ထားရှိခြင်းကြောင့် ရောင်းအား ကျဆင်းလာလိမ့်မယ်လို့ ထင်ထားကြသော်လည်း ယခုနှစ် ပထမနှစ်ဝက် ကွန်ဒိုလွှဲပြောင်းမှုစံချိန်က မနှစ်ကထက် နှစ်ဆလောက် မြင့်တက်သွားတယ်လို့ အိမ်ခြံမြေသတင်းအချက်အလတ်ဌာန (REIC)က ထုတ်ပြန်ထားရှိပါတယ်။
၂၀၂၄ခုနှစ် ပထမနှစ်ဝက်တွင် မြန်မာနိုင်ငံက ဝယ်ယူသူတွေကို ကွန်ဒိုလွှဲပြောင်းပေးမှုက ၂၀၂၃ တစ်နှစ်လုံးအရေ အတွက်စုစုပေါင်းကို ကျော်လွန်ခဲ့ပြီး ယခုနှစ် ပထမနှစ်ဝက်တွင် ထိုင်းဘတ်ငွေ ၃.၂၄ ဘီလီယံတန်ဖိုးရှိတဲ့ ကွန်ဒိုအခန်း ၆၃၈ ခန်း ကို မြန်မာ နိုင်ငံသားများဆီကို လွှဲပြောင်းပေးခဲ့တယ်လို့လည်း အိမ်ခြံမြေသတင်းအချက်အလက်ဌာန (REIC)က ထုတ်ပြန်ထားရှိတာပါ။

မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုမှာ ၂၀၂၂ ခုနှစ်တွင် အဆင့် ၆ နေရာ ၊ ၂၀၂၃ ခုနှစ်တွင် အဆင့် ၄ နေရာရှိပြီး ယခုနှစ် ၂၀၂၄ ခုနှစ်တွင် အဆင့် ၂ နေရာတွင် ရပ်တည်နေကြောင်း သိရပါတယ်။
၂၀၂၄ ခုနှစ် ပထမနှစ်ဝက်တွင် ဝယ်ယူထားတဲ့အခန်းများကို မြန်မာနိုင်ငံသားများ ပြောင်းရွှေ့နေထိုင်တဲ့အရေ အတွက်က တရုတ်နိုင်ငံသားပြီးပါက ဒုတိယလိုက်နေတဲ့ ရုရှားနိုင်ငံသားများရဲ့ အရေအတွက်ထက် ပိုပြီး များပြားနေကြောင်း REIC က ဖော်ပြထားရှိပါတယ်။