သိန်းထောင်ချီစျေးခေါ်နေတဲ့
ဆင်ခြေဖုံးရပ်ကွက်
ကန်ထရိုက်တိုက်ခန်းများ
ရုတ်တရက် အရောင်း အဝယ် အေးသွား
စက်တင်ဘာ
(၁)ရက်။
Myanmar Property Deaer
ရန်ကုန်မြို့ မရမ်းကုန်း (သမိုင်း)၊ သင်္ဃန်းကျွန်း၊ သု၀ဏ္ဏ နှင့်
လှိုင်မြို့နယ် ကဲ့သို့သော ဆင်ခြေဖုံးနှင့် လူ စည်ကားရာ အရပ်များတွင်
ကျပ်သိန်းထောင်ချီ စျေးခေါ်နေတဲ့ ကန်ထရိုက်တိုက်ခန်းများမှာ လက်ရှိတွင် အ ရောင်း အဝယ်
ရုတ်တရက် အေးစက်သွားတယ်လို့ အိမ်ခြံမြေ အကျိုးဆောင်များနှင့် ဆောက်လုပ်ရေး လုပ်ငန်း အသိုင်း အဝိုင်းထံမှ သိရပါတယ်။
ယခင်က
ကြိုပွိုင့်စနစ်ဖြင့်
အပြိုင်အဆိုင် ဝယ်ယူခဲ့ကြသော်လည်း ယခုအခါတွင် ဈေးကွက်အတွင်း ဝယ် လိုအား လုံးဝကျဆင်းသွားပြီး အရောင်းအဝယ်များ တုံ့ဆိုင်းသွားတာဖြစ်တယ်လို့လည်းသိရပါတယ်။
အဆိုပါ အရောင်းအဝယ် အေးသွားရခြင်းရဲ့ အဓိက အကြောင်းရင်းမှာ ဆောက်လုပ်ခွင့် ပါမစ်မကျသေး ဘဲဒဏ်ကြေးဆောင်ပြီး ဆောက်လုပ်နေကြတဲ့ အဆောက်အအုံများပြားလာခြင်းနဲ့အတူ
တရားမဝင်ဆောက်လုပ်မှုများကို
သက် ဆိုင်ရာ က အရေးယူမှုများ ပြုလုပ်လာနိုင်တယ်ဟူသော
ကောလာဟလများနှင့် စိုးရိမ်စိတ်များကြောင့် အချို့သော ကန်ထရိုက်တာများသည် သတ်မှတ်ချက်ထက် ပိုမိုမြင့်မား သော အထပ်များကို ဆောက်လုပ်ပြီး အပေါ်ထပ် တိုက် ခန်းများကို ကျပ်သိန်း ၃,၀၀၀ မှ
၄,၀၀၀ အထိ အလွန်အကျွံ စျေးနှုန်းမြှင့်တင် ခေါ်ဆိုလာကြသဖြင့် ဝယ် ယူသူ များဘက်မှ နောက်ဆုတ်သွားကြတာဖြစ်တယ်လို့လည်းသိရပါတယ်။
"အရင်ကတော့ ဆင်ခြေဖုံးဆိုပေမယ့် လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့
သမိုင်းတို့၊ သုဝဏ္ဏ တို့မှာ သိန်း ထောင်ချီ လည်း ဝယ်မယ့်သူက တန်းစီနေတာ။ အခုကတော့ ဈေးတွေက အပေါ်ထပ်ကို သိန်း ၄,၀၀၀ နီးပါး
ခေါ် လာ တော့ ဝယ်သူက
တွက်ခြေမကိုက်တော့ဘူး။
နောက်ပြီး ပါမစ်မရှိဘဲ ဒဏ်ကြေးနဲ့ ဇွတ်ဆောက်ထားတဲ့ တိုက် တွေမှန်း သိလာကြတော့ ပိုက်ဆံအဆုံးရှုံးခံပြီး ဘယ်သူမှ မစွန့်စားချင်ကြတော့ဘူး။
ဒါကြောင့် အရောင်းအဝယ်က ဂျွမ်း ထိုးမှောက်ခုံ ဖြစ်ပြီး အေးသွားတာဗျ" ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦး ကဆိုပါတယ်။
ယခုလိုဈေးကွက် ရုတ်တရက် ပျက်သွားခြင်းကြောင့် တိုက်ခန်းများကို ငွေကြိုပေးပြီး ကြိုပွိုင့် စနစ်ဖြင့် ဝယ် ယူထားမိသူများမှာ အခက်အခဲ အကြီးအကျယ် တွေ့နေကြရပြီး ဆောက်လုပ်ရေး လုပ်ငန်းအချို့မှာ ငွေ ဖော် မရတော့ သဖြင့် လုပ်ငန်းခွင်များ ရပ်ဆိုင်းလုနီးပါး ဖြစ်လာပြီး သတ်မှတ်ရက် အတွင်း တိုက်ခန်းအပ်နှံနိုင်ရန် မသေချာတော့တဲ့အပြင် မြေရှင်များအနေဖြင့်လည်း မိမိတို့ရဲ့ မြေပေါ် တွင် တရားမဝင် အဆောက်အအုံ ဆောက်လုပ်မိသကဲ့သို့ ဖြစ်နေပြီး ဥပဒေကြောင်းအရ အရေးယူခံ ရမည်ကို စိုးရိမ်နေကြတယ်လို့လည်းသိရပါတယ်။
"ခွင့်ပြုမိန့်မရှိဘဲ
ဆောက်တဲ့တိုက်တွေကို ဝယ်မိတာက ဥပဒေအရ အရမ်းအန္တရာယ်များ ပါတယ်။ နောက်ပိုင်းမှာ အဆောက်အအုံကို ဖျက်သိမ်းခိုင်းတာမျိုး ဖြစ်လာရင် ကြိုပွိုင့်ဝယ်ထားတဲ့သူတွေက
စိုက်ထုတ် ထားတဲ့ ငွေတွေ အားလုံး ဆုံးရှုံးရုံတင်မကဘူး၊ မြေရှင်ပါ ပုဒ်မ တွေနဲ့ အရေးယူခံရနိုင်တယ်။ ကန်ထရိုက်တာက ထွက်ပြေးသွားရင် မြေရှင်နဲ့ ဝယ်သူပဲ အချင်းချင်း တရားရင်ဆိုင်ပြီး အကျပ်ရိုက်ကျန်ခဲ့မှာ။ ဒါကြောင့် စာချုပ် မချုပ်ခင် ဌာနဆိုင်ရာ ခွင့်ပြုချက်တွေကို သေချာစစ်ဖို့ လိုပါတယ်"ဟု ဥပဒေရေးရာ ကျွမ်းကျင်သူတစ်ဦး
က ဆိုပါတယ်။
လက်ရှိတွင် ရန်ကုန်မြို့အတွင်းရှိ ကန်ထရိုက်တိုက်ခန်း ဈေးကွက်သည် အရည်အသွေးနဲ့ ဥပဒေညီညွတ်မှု မရှိဘဲ ဈေးနှုန်းတင်ကစားခဲ့တဲ့ ဒဏ်ကို ခံနေရခြင်း ဖြစ်ပြီး ဆောက်လုပ်ခွင့် မရှိတဲ့ တိုက်ခန်းများပြဿနာကို သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီက မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းမည်ကို စောင့်ကြည့်နေကြသဖြင့် အိမ်ခြံမြေ အရောင်းအဝယ်များမှာ ဆက်လက် အေးစက်နေဦးမည်ဟု ခန့်မှန်းမှုများလည်းရှိနေတယ်လို့သိရပါတယ်။