Home  / News  / News Details

သတင်း အသေးစိတ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ Multipurpose Shelter (၅)လုံး အိတ်ဖွင့်တင်ဒါခေါ်ယူ

Sep 17, 2024  /

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ Multipurpose Shelter (၅)လုံး အိတ်ဖွင့်တင်ဒါခေါ်ယူ

စက်တင်ဘာ(၁၇)ရက်

Myanmar property Dealer

 ဧရာဝတီတိုင်းဒေသကြီးအတွင်း အမျိုးသားသဘာဝဘေးအန္တာရယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ခွင့်ပြုရန်ပုံငွေဖြင့် Multipurpose Shelter (၇၀’ x ၆၀’) (၅)လုံး အား တည်ဆောက်ရန်အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင် ကုမ္ပဏီများအား နိုင်ငံပိုင်သတင်းစာများမှတဆင့် အိတ်ဖွင့်တင်ဒါ(Open Tender)ခေါ်ယူလျှက်ရှိနေတယ်လို့သိရပါတယ်။

အဆိုပါ Shelter များတည်ဆောက်ရန်နေရာများမှာပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ သုံးခွကျေးရွာအုပ်စု၊ မကျည်းပင်ကျေးရွာတွင် Lot-1 ကိုလည်းကောင်း၊ ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်၊ ရှင်ကြီးပျောက်ကျေးရွာအုပ်စု၊ ညင်ကုန်းကျေးရွာတွင် lot-2လည်းကောင်း၊ ဖျာပုံခရိုင်၊ကျိုက်လတ်မြို့နယ်၊ သာယာဝဲကျေးရွာအုပ်စု၊ သာယာဝဲကျေးရွာတွင် Lot-3 ကိုလည်းကောင်း၊ လပွတ္တာခရိုင်၊လပွတ္တာမြို့နယ်၊ ကုက္ကိုလ်ကျေးရွာအုပ်စု၊ ဓနိချောင်းကျေးရွာတွင် Lot-4 ကိုလည်းကောင်း၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ သပြေချောင်းကျေးရွာအုပ်စု၊ သပြေချောင်းကျေးရွာတွင် Lot-5 ကိုလည်းကောင်း အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားတာဖြစ်ပါတယ်။

Shelter များတည်ဆောက်ရန်စိတ်ဝင်စားတဲ့  မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့်  တင်ဒါလျှောက်လွှာများကို စက်တင်ဘာ၁၆ ရက်နေ့မှစတင်လျှောက်ထားနိုင်ပြီး၊တင်ဒါဖောင်ပိတ်ရက်အဖြစ် ၁၅ ရက်၊အောက်တိုဘာလ ၂၀၂၄ ခုနှစ်နောက်ဆုံးထားလျှောက်ထားရမှာဖြစ်တယ်လို့သိရပြီး လျှောက်လွှာများကို အမှတ်(၆)ရပ်ကွက်၊တန့်ဘွေးကုန်းလမ်းမကြီး ၊ ပုသိမ်မြို့မှာရုံးချိန်အတွင်းဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။