Home  / News  / News Details

သတင်း အသေးစိတ်

‘’ ပကာသနမရှိ၊ဂုဏ်ဒြပ်တွေမရှိ၊ဘဝနေဝင်ချိန်ကိုဖြတ်သန်းခဲ့တဲ့ အဲလ်ဘတ် အိုင်းစတိုင်းနေအိမ် ‘’

Oct 13, 2022  /

‘’ ပကာသနမရှိ၊ဂုဏ်ဒြပ်တွေမရှိ၊ဘဝနေဝင်ချိန်ကိုဖြတ်သန်းခဲ့တဲ့ အဲလ်ဘတ် အိုင်းစတိုင်းနေအိမ် ‘’

Myanmar Property Dealer

အောက်တိုဘာလ (၁၃)ရက် ။

 

အမေရိကန်နိုင်ငံ၊နယူဂျာဇီပြည်နယ်ထဲမှာ ပရင်စတန်မြို့လေးတစ်မြို့ရှိပါတယ်။ အဲဒီမြို့လေးရဲ့မာစီဆိုတဲ့ လမ်းသွယ်လေး တစ်ခုထဲမှာရိုးစင်းတဲ့နှစ်ထပ်အိမ်ဖြူလေးတစ်လုံးရှိပြီး အိမ်နံပါတ် (၁၁၂) လို့ရေးထားတဲ့ အဲဒီအိမ်ရှေ့မှာ           (Private Residence  ) ဆိုတဲ့ဆိုင်းဘုတ်လေးတပ်ထားတဲ့အိမ်တစ်အိမ်ကိုတွေ့ရမှာပါ။

ဒီလိုရိုးရှင်းတဲ့အိမ်လေးကိုပိုင်ဆိုင်ခဲ့တဲ့သူကတော့ အဏုမြူဗုံးထုတ်လုပ်နည်းတစ်ခုဖြစ်ခဲ့တဲ့ ကမ္ဘာကျော် ညီမျှခြင်းဖြစ်တဲ့ E=mc2 ဆိုတဲ့ ဒြပ်ထုစွမ်းအင်တူညီခြင်း နိယာမတရားကိုဖော်ထုတ်ခဲ့သူ၊ဒါ့အပြင် အလင်းလျှပ်စစ်အကျိုး (ဖိုတွန်သဘောတရား) အတွက် ရူပဗေဒပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြှင့်ခံရတဲ့ အဲလ်ဘတ် အိုင်းစတိုင်းရဲ့ နေအိမ်ပဲဖြစ်ပါတော့တယ်။

 

ဒီအိမ်ရဲ့ထူးခြားချက်ကတော့ များသောအားဖြင့် အမေရိကားမှာအိမ်ဆောက်တဲ့အခါမှာ မြေအောက်ထပ် (Basement)ဆိုတာရှိပါတယ်။ပြီးရင်ပထမထပ်၊ဒုတိယထပ်ဆိုပြီးရှိကြပါတယ်။ဒီအိမ်ကတော့ မြေအောက် (Basement)လည်းမရှိပဲ ရိုးရိုးလေးပဲဆောက်ထားတာဖြစ်ပြီးတော့ အိမ်ထဲမှာလည်း ကြီးကြီးကျယ်ကျယ် ဘာမှပြင်ဆင်ထားရှိခြင်းမရှိပဲ ‘’အိုင်းစတိုင်း ‘’ သက်ရှိ ထင်ရှားရှိစဉ်အချိန်ထဲကသူအသုံးပြုခဲ့တဲ့ကျောက်သင်ပုန်းတွေ၊ သင်္ချာနဲ့ပတ်သက်တဲ့ကိန်းဂဏန်းတွေနဲ့သာပြည့်နေတာပါ။

တစ်ခြားအောင်မြင်ကျော်ကြားထင်ရှားတဲ့ပုဂ္ဂိုလ်တွေ၊သူတို့ရဲ့သက်ရှိထင်ရှားရှိနေစဉ်ကနေထိုင်ခဲ့တဲ့နေအိမ်တွေကို သူတို့သေဆုံးသွားတဲ့အချိန်မှာ အဲဒီအိမ်တွေကို ပြတိုက်၊ပြခန်း တွေဖွင့်ပြီးအခငွေကြေးဖြင့်ဌားရမ်းကြပါတယ်။

ဒါပေမယ့်အိုင်းစတိုင်း ကတော့တမူထူးခြားစွာဖြင့် သူသေဆုံးခါနီးအချိန်မှာ သူ့ရဲ့သမီးကိုမှာကြားခဲ့တာကတော့ “ငါသေပြီးသွားရင်ငါရဲ့နေအိမ်ကိုပြတိုက်လည်းမလုပ်ပါနဲ့၊ဘာမှမလုပ်ပဲဒီတိုင်းလေးပဲထားပေးပါလို့”ပြောခဲ့တယ်လို့လည်းသိခဲ့ရပါတယ်။

တကယ်လည်းအိုင်းစတိုင်းနေအိမ်လေးက ရိုးစင်းစွာခြံစည်းရိုးလေးခတ်ထားပြီး (Private Residence  )ဆိုတဲ့ဆိုင်းဘုတ်လေးတစ်ခုသာတပ်ထားတာပါ။အိမ်ရဲ့ရှေ့မှာ လည်း ရူပဗေဒနိုဗယ်ဆုရှင်အိုင်းစတိုင်းဆိုပြီးတော့တောင်တပ်ဆင်ထားတာမတွေ့ရပါဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့လူအများလေးစားကြရတဲ့သိပ္ပံပညာရှင်တစ်ဦး၊သီအိုရီပေါင်းများစွာကိုဖော်ထုတ်ခဲ့တဲ့သူရဲ့နေအိမ်ကကြီးကျယ်ခန်းနားစွာမဟုတ်ပဲ ပရင်စတန်မြို့လေးမှာ ဒီတိုင်းလေး ပဲရှိ နေတာပါ။

သီအိုရီသဘောတရားဆိုင်ရာသိပ္ပံပညာရှင်၊အလင်းလျှပ်စစ်အကျိုးဖော်ထုတ်နိုင်ခဲ့သဖြင့်နိုဘယ်လ်ဆုချီးမြှင့်ခံခဲ့ရသူ၊နှိုင်းရသီအိုရီ (Relativity Theory) ဖြင့်ကမ္ဘာကျော်ခဲ့သူ၊ယနေ့ခေတ်အသုံးပြုနေကြတဲ့လေဆာများ၊ တယ်လီဗေးရှင်း၊ ကွန်ပျူတာများ၊ အာကာသခရီးသွားလာမှုများနှင့် များစွာသော အခြားအရာပေါင်းများစွာက အိုင်းစတိုင်းရဲ့ သီအိုရီမှတဆင့် တိုးတက်ဖွံ့ဖြိုးလာခဲ့တာဖြစ်ပြီး ရူပဗေဒပညာရပ်ဘာသာရပ်ခွဲအားလုံးနီးပါးပြောင်းလဲခဲ့တဲ့သူတစ်ဦးဖြစ်တဲ့ အိုအဲလ်ဘတ်အိုင်းစတိုင်းသည်  ၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် မနက် ၁ နာရီ ၂၅ မိနစ်တွင် ပရင်စတန် ဆေးရုံကြီးပေါ်မှာ သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

သူသေဆုံးခဲ့တာအခုဆိုရင် နှစ်ပေါင်း၆၇ကျော်ရှိပြီဖြစ်ပေမဲ့လည်း ပရင်စတန်မြို့မှာရှိတဲ့ သူဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကိုဖြတ်သန်းခဲ့တဲ့နေအိမ်လေးကတော့ဒီတိုင်းလေးပဲရှိနေပြီး၊နှောင်းလူတို့အတွက်ကတော့ဒါဟာ  ရူပဗေဒပညာရှင်ကြီး ''အဲလ်ဘတ်အိုင်းစတိုင်း''နေအိမ်လို့ပြောစရာတစ်ခုအဖြစ်သာကျန်ရှိနေပါတော့တယ်။

 

 

 

#အဲလ်ဘတ်အိုင်းစတိုင်းနေအိမ်

#နိုဗယ်ဆုရှင်တစ်ယောက်နေအိမ်

Website Link- https://myanmarpropertydealer.com/en

App Link-https://play.google.com/store/apps/details...

Youtube Link-https://www.youtube.com/channel/UCsHbWEX-0Xs3Dxx8yZXBc0Q

https://t.me/myanmarpropertydealer