ခြံအမှတ်(၅၄)ကို ဈေးလျှော့လေလံတင်ရန် ကမာရွတ်တရားရုံးဆုံးဖြတ်
ဒီဇင်ဘာ
(၁၉)ရက်။
Myanmar
Property Dealer
ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ခြံအမှတ်(၅၄) နေအိမ်ကိုဈေးလျှော့လေလံတင်ရန် ကမာရွတ်တရားရုံးမှဆုံးဖြတ်ခဲ့တယ်လို့ တရားရုံးနှင့်နီးစပ်တဲ့အသိုင်းအဝိုင်းမှ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နေထိုင်တဲ့ ခြံအမှတ်(၅၄)ကို ကြမ်းခင်းဈေး ၂၉၇ ဘီလီယံဖြင့် ထပ်မံဈေးလျှော့ကာ လေလံတင်ရောင်းချရန် ကမာရွတ်ခရိုင်တရားရုံးက ဒီဇင်ဘာ ၁၈ ရက်တွင် အမိန့်ချလိုက်ကြောင်း သိရပါတယ်။
ခြံအမှတ်(၅၄)ကို ဦးအောင်ဆန်းဦးဘက်က တင်ပြထားတဲ့ဈေးနှုန်းထက် ခုနစ်ဘီလီယံတိုးမြှင့်ပြီး လေလံတင်ရန် ကမာရွတ်တရားရုံးက အမိန့်ချခဲ့ခြင်းဖြစ်ပါတယ်။ ခြံအမှတ်(၅၄) လေလံတင်ရောင်းချပွဲကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်တွင် အဆိုပါခြံအရှေ့မှာ ထပ်မံပြုလုပ်သွားမှာဖြစ်ပြီး လေလံမတင်မီ သတင်းစာများတွင်ထည့်သွင်းကြော်ငြာရမည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင် ရွက်သွားမှာဖြစ်တယ်လို့လည်းတရားရုံး
နှင့်နီးစပ်သူများထံမှ သိရပါတယ်။