ကရင်ပြည်နယ် ဘားအံမြို့ရှိ ဂျိုင်း(ဇာသပြင်)တံတားအသစ်နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အတ္ထရံတံတားအသစ် ဖွင့်လှစ်
မတ်လ(၉)ရက်
Myanmar
Property Dealer
မြန်မာ-ဂျပန်
နှစ်နိုင်ငံ ပူးပေါင်းတည်ဆောက်ထားတဲ့ ကရင်ပြည်နယ် ဘားအံမြို့ရှိ ဂျိုင်း(ဇာသပြင်)တံတားအသစ်နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အတ္ထရံတံတားအသစ် ဖွင့်ပွဲအခမ်းအနားများကို ယနေ့ မတ် ၈ ရက် နံနက်ပိုင်းက နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစာကတက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဂျိုင်း(ဇာသပြင်)တံတားအသစ်သည် အရှည်
၂၆၁၅
ပေရှိတဲ့ လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး ယာဉ်တစ်စီးလျှင် ၇၅
တန်ထိ
ခံနိုင်ဝန်ရှိပြီး အတ္ထရံတံတားအသစ်မှာလည်း အရှည်
၁၅၇၅
ပေရှိတဲ့ လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားဖြစ်ပြီး ယာဉ်တစ်စီးလျှင် ၇၅
တန်ထိ
ခံနိုင်ဝန်ရှိတယ်လို့သိရပါတယ်။
အဆိုပါ ခေတ်မီသံမဏိကြိုးဆိုင်းတံတားကြီးများ တည်ဆောက်ပြီးစီးလာခြင်းကြောင့် ဒေသတွင်း သယ်ယူပို့ဆောင်ရေး ပိုမိုလွယ်ကူလာပြီး စီးပွားရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ မော်လမြိုင်မှတစ်ဆင့် ထားဝယ်
အထူးစီးပွားရေးဇုန်နှင့် ရန်ကုန်ရှိ သီလဝါ
အထူးစီးပွားရေးဇုန်များသို့ ကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန်လာမည်ဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းပေါ်ရှိ ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံများနှင့်ပါ ဆက်သွယ်သွားလာနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။