Home  / News  / News Details

သတင်း အသေးစိတ်

တစ်ပိုင်တစ်နိုင် ရင်းနှီးမြှပ်နှံသူများ အိမ်ခြံမြေဈေးကွက်သို့ ဦးလှည့်လာ၊ ကြိုက်ရောင်းကြိုက်ဝယ်အနေအထားကြောင့် ဈေးခုန်တက်

Dec 25, 2023  /

တစ်ပိုင်တစ်နိုင် ရင်းနှီးမြှပ်နှံသူများ အိမ်ခြံမြေဈေးကွက်သို့ ဦးလှည့်လာ၊ ကြိုက်ရောင်းကြိုက်ဝယ်အနေအထားကြောင့် ဈေးခုန်တက်

ဒီဇင်ဘာ (၂၅) ရက် Myanmar Property Dealer မန္တလေးအိမ်ခြံမြေဈေးအတွင်း တစ်နိုင်တစ်ပိုင် ရင်းနှီးမြှုပ်နှံလိုသူများက ခိုင်မာမှုရှိတဲ့ အိမ်ခြံမြေဈေးကွက်ကို ဦးလှည့်လာကြတယ်လို့ အိမ်ခြံမြေအကျိုးတော်ဆောင် အသိုင်းအဝိုင်းကနေ သိရပါတယ်။ ဒါကြောင့် အိမ်ခြံမြေဈေးနှုန်းတွေ မြင့်တတ်လာပြီး ကြိုက်ရောင်းကြိုက်ဝယ် အနေအထားဖြစ်နေတယ်လို့ မန်းအိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။ “ဈေးကွက်တစ်ခုလုံး အတိုင်းအတာအရတော့ ငြိမ်သက်မှုမရှိဘဲ အလှုပ်အခတ်များနေတယ်လို့ ပြောရမှာပေါ့။ အရောင်းအဝယ်တွေတော့ ဖြစ်နေပေမဲ့ ကြိုက်ရောင်းကြိုက်ဝယ်ပုံစံမျိုး ဖြစ်နေတာပါ”လို့ ဆိုပါတယ်။

မန်းအိမ်ခြံမြေဈေးကွက်အတွင်း ယခင်က ငွေကျပ်သိန်း ၁၅ဝဝ ခန့် ပေါက်ဈေးရှိတဲ့ မြေကွက်များက လက်ရှိမှာ ငွေကျပ်သိန်း ၂၀၀၀ ခန့်နဲ့ ရောင်းချမှုတွေရှိလာတယ်လို့ သိရပါတယ်။ ထိုသို့ရောင်းချမှုကို လက်ကြီးသမားတချို့က ပြုလုပ်လာကြခြင်းဖြစ်ပြီး အနည်းစုသာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ “လက်ထဲမှာ ငွေသားကိုင်ဆောင် မထားချင်ကြတာကြောင့်လဲ အိမ်ခြံမြေဈေးကွက်ထဲ ဦးလှည့်လာကြလို့ အလှုပ်အခတ်တွေ များနေတာပါ”ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

ထို့ပြင် ငှားရမ်းမှုတွေထဲမှာယခင်က ဈေးနှုန်းအသင့်အတင့်သာရှိခဲ့ရာမှ ငှားရမ်းမှုများလာခြင်းကြောင့် ဈေးနှုန်းများ မြင့်တက်လာပြီး အကျယ်အဝန်းနှင့် အကွက်အကွင်းကောင်းသည့်အပေါ် မူတည်၍ တစ်လလျှင် ငွေကျပ် ၁ သိန်းမှ ၁ဝ သိန်းခန့်ထိ ဈေးရှိကာ ငွေကျပ် ၁ဝဝဝဝဝ မှ ၃၀၀၀၀၀ ခန့် ဈေးတန်းများ ငှားရမ်းမှု ပို၍များတယ်လို့ ဆိုပါတယ်။