Home  / News  / News Details

သတင်း အသေးစိတ်

ဗီဒီယိုအခြေခံအဖွဲ့ပိုင် မြေနဲ့ အဆောက်အအုံတွေကို ကိုယ့်သဘောနဲ့ကိုယ် ရောင်းဝယ်ရင် အရေးယူမယ်လို့ ရုပ်ရှင်အစည်းအရုံး သတိပေး

Aug 11, 2026  /

 

 

ဗီဒီယိုအခြေခံအဖွဲ့ပိုင် မြေနဲ့ အဆောက်အအုံတွေကို ကိုယ့်သဘောနဲ့ကိုယ် ရောင်းဝယ်ရင် အရေးယူမယ်လို့ ရုပ်ရှင်အစည်းအရုံး သတိပေး

ဩဂုတ် (၁၁)

 

ဗီဒီယို လုပ်ငန်းရှင်တွေအနေနဲ့ ဗီဒီယိုအခြေခံအဖွဲ့ပိုင် မြေ၊ အဆောက်အအုံနဲ့ အခန်းတွေကို သဘောအလျောက် ရောင်းဝယ်တာမျိုး လုပ်ရင် အရေးယူသွားမယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သတင်းထုတ်ပြန်ထားပါတယ်။

 

၁၉၈၆ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း ရုပ်ရှင်အစည်းအရုံးအောက်မှာ စီးပွားရေးလုပ်ခဲ့ကြတဲ့ ဗီဒီယိုလုပ်ငန်းရှင်တွေဟာ တိုင်းနဲ့ ပြည်နယ်၊ မြို့နယ်အသီးသီးက ဗီဒီယိုအခြေခံအဖွဲ့ပိုင် မြေ၊ အဆောက်အအုံနဲ့ ရုံးခန်းတွေကို အများပိုင်ငွေတွေအသုံးပြုပြီး အစည်းအရုံးရဲ့ ခွင့်ပြုချက်နဲ့ ဝယ်ယူထူထောင်ခဲ့ကြတာပါ။

 

ဒါပေမဲ့ အခုချိန်မှာတော့ ဗီဒီယိုလုပ်ငန်း အများစု ရပ်ဆိုင်းသွားခဲ့ပါပြီ။ အဲဒီလို ရပ်ဆိုင်းသွားတာကို အကြောင်းပြပြီး အချို့ ဗီဒီယိုလုပ်ငန်းရှင်တွေက အစည်းအရုံးအောက်မှာရှိတဲ့ တိုင်း၊ ပြည်နယ်နဲ့ မြို့နယ်အသီးသီးက ဗီဒီယိုအခြေခံအဖွဲ့ပိုင် မြေနဲ့ အဆောက်အအုံတွေကို ကိုယ်ကျိုးအတွက် ရောင်းဝယ်နေကြတာမျိုးတွေ ရှိလာတာဖြစ်ပါတယ်။

 

အဲဒီလို ရောင်းဝယ်တာတွေ ရှိနေတာကြောင့် ဒီမြေနဲ့ အဆောက်အအုံတွေဟာ ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်လောကသား အားလုံး ပိုင်ဆိုင်တဲ့ အများပိုင်ပစ္စည်းတွေဖြစ်ကြောင်း အသိပေးလိုက်တာပါ။ ဒါကိုမှ မိမိသဘောနဲ့မိမိ သွားရောက် ရောင်းဝယ်တာတွေ လုပ်မယ်ဆိုရင်တော့ တည်ဆဲဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း သတိပေး ထုတ်ပြန်ထားပါတယ်။