Home  / News  / News Details

သတင်း အသေးစိတ်

သုခဒဂုံပြည်သူ့အငှားအိမ်ရာ၌ ငှားရမ်းခွင့်အတွက် ရွေးချယ်ခံရသူ ၂,၀၀၀ ခန့်ကို (ယနေ့) ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်နေထိုင်ခွင့်ပြု

Dec 1, 2023  /

သုခဒဂုံပြည်သူ့အငှားအိမ်ရာ၌ ငှားရမ်းခွင့်အတွက် ရွေးချယ်ခံရသူ ,၀၀၀ ခန့်ကို (ယနေ့) ဒီဇင်ဘာ ရက်နေ့တွင် စတင်နေထိုင်ခွင့်ပြု

Myanmar Property Dealer

ဒီဇင်ဘာ () ရက်

ဒဂုံမြို့သစ်တောင်ပိုင်းရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် ငှားရမ်းနေထိုင်ခွင့်အတွက် ရွေးချယ်ခံရသူ (,၀၀၀) ခန့်ကို ယနေ့(ဒီဇင်ဘာလ ရက်နေ့)မှာ စတင်နေထိုင်ခွင့်ပြုသွားမယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန  (ရန်ကုန်)ကနေ သိရပါတယ်။

 ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်များအတွင်း စိစစ်ရွေးချယ်ထားတဲ့ (,၂၈၇) ဦးကို နှစ်သုတ်ခွဲပြီး မဲနှိုက်ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။

 နိုဝင်ဘာ ၁၃ ရက်နေ့မှာ မဲနှိုက်ရွေးချယ်ခဲ့တဲ့ ပထမအသုတ် ငှားရမ်းခွင့်ရှိသူတွေကို ယနေ့ ဒီဇင်ဘာလ ရက်နေ့မှာ စတင်အခန်းအပ်သွားမှာဖြစ်သလို ဒုတိယအသုတ် ၁၄ ရက်နေ့မှာ မဲနှိုက်ရွေးချယ်ထားတဲ့ ငှားရမ်းခွင့်ရှိသူတွေကိုလာမယ့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ နေထိုင်ခွင့်ပြုသွား မှာဖြစ်တယ်လို့ သိရပါတယ်။

 စိစစ်ရွေးချယ်ထားတဲ့ ၆၀၀၀ ကျော်ထဲကနေ ၂၀၀၀ လောက် ရွေးချယ်ခဲ့လို့ ၄၀၀၀ လောက် ပိုနေမယ်။ နောက်တစ်ကြိမ် လျှောက်လွှာရောင်းမယ်။ တတိယအသုတ်ပြီးမယ့် အဆောက်အဦးရှိပါတယ်။ တိုက် ၇၁ လုံးပြီးမယ်။ အဲ့ဒီကျရင် ကျန်နေတဲ့ ၄၀၀၀ ကျော်ရယ်။ လျှောက်လွှာထပ်ရောင်းရင် တက်လာမယ့် အုပ်စုရှိမယ်။ အဲ့အုပ်စုနှစ်ခုပေါင်းပြီး မဲနှိုက်ခွင့်ပြုသွားမယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရန်ကုန်) ကတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ပြည်သူ့အငှားအိမ်ရာတွင် ငှားရမ်းနေထိုင်ခွင့်အတွက် လျှောက်လွှာများကို ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် စတင်ခေါ်ယူခဲ့ပြီး လျှောက်လွှာတင်သွင်းသူဦးရေ (၁၁,၀၀၀) ကျော်မှ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိတဲ့ လျှောက်ထားသူ ၆၂၈၇ ဦးကို စိစစ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

 သုခဒဂုံပြည်သူ့အငှားအိမ်ရာစီမံကိန်းကို မြေ ၁၈၀ ဧကပေါ်မှာ ၂၀၂၀ ခုနှစ်ကစတင်ကာ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး လေးခန်းတွဲ ငါးထပ်အဆောက်အအုံများဖြစ်ကာ အခန်းပေါင်း ၄၃၅၂ ခန်း ပါဝင်တယ်လို့ သိရပါတယ်။

#သုခဒဂုံပြည်သူ့အငှားအိမ်ရာ

# အခန်းပေါင်း ၄၃၅၂ ခန်း