ရခိုင်ပြည်နယ်၊သံတွဲမြို့
ငပလီကမ်းခြေဒေသအတွင်း ရုရှား-မြန်မာ ငပလီကမ်းခြေအိမ်ရာ စီမံကိန်း စတင်အကောင်အထည်ဖော်မည်။
ဖေဖော်ဝါရီ
(၆)ရက်။
Myanmar
Property Dealer
ရခိုင်ပြည်နယ်သံတွဲမြို့ရှိ
ငပလီကမ်းခြေဒေသအတွင်း အပန်းဖြေအိမ်ရာစီမံကိန်း နှင့် ခရီးသွားဝန်ဆောင်မှု ကဏ္ဍများ
ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာလုပ်ငန်း သဘောတူစာချုပ် (MoU) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို
ဖေဖော်ဝါရီလ ၄ရက်နေ့ က Pan Pacific Hotel (Yangon) တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းကို
နိုင်ငံပိုင်သတင်းစာများမှတဆင့် သိရှိရပါတယ်။
ငပလီကမ်းခြေဒေသအတွင်း
အပန်းဖြေအိမ်ရာစီမံကိန်း နှင့် ခရီးသွားဝန်ဆောင်မှု ကဏ္ဍများ အတွက် ရုရှား - မြန်မာချစ်ကြည်ရေးအသင်း နဲ့ ပြည်တွင်းစီးပွားရေးကုမ္ပဏီများ၊
လုပ်ငန်းရှင်များ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတာလည်းဖြစ်ပါတယ်။
ရုရှား-မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ ဦးဆောင်တဲ့ ရုရှားနိုင်ငံမှ စီးပွားရေးပညာရှင်များ ပါဝင်တဲ့ ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များ၊ Treasure of Ngapali Development Co.,Ltd မှ အမှုဆောင် အရာရှိချုပ် နဲ့ အုပ်ချုပ်မှုဒါရိုက်တာအဖွဲ့ဝင်များ၊ Shwin Pyaw Pyaw Trading Co.,Ltd တို့မှ အုပ်ချုပ်မှု ဒါရိုက်တာနဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။
တာဝန်ရှိသူများက
‘’ ရခိုင်ပြည်နယ်သံတွဲမြို့ ငပလီကမ်းခြေဒေသအတွင်း ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန် နဲ့
ခရီးသွားကဏ္ဍများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးကို အထောက်အကူပြုမယ့်ကိစ္စ၊ ရုရှား-မြန်မာ
ငပလီကမ်းခြေအိမ်ရာ စီမံကိန်း စတင်အကောင်အထည်ဖော်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး
နှစ်ဖက်သဘောတူ စာချုပ်(MoU) များ လက်မှတ်ရေးထိုးကြတယ်လို့’’လည်း သိရပါတယ်။
ရခိုင်ပြည်နယ် သံတွဲမြို့ရှိ ငပလီကမ်းခြေဒေသသို့ ရုရှား-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးဆောင်တဲ့ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့များက အခုခရီးစဉ်အတွင်း သွားရောက် ကွင်းဆင်းလေ့လာခဲ့ကြပြီး ဒေသခံအာဏာပိုင်အဖွဲ့အစည်းများ နဲ့ တာဝန်ရှိသူများကိုတွေ့ဆုံကာ ရုရှား-မြန်မာ ခရီးသွားကဏ္ဍကို တိုးမြှင့်လုပ်ဆောင်သွားနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြတာလည်းဖြစ်ပါတယ်။
Myanmarpropertydealer