Home  / News  / News Details

သတင်း အသေးစိတ်

၂၀၂၄ ခုနှစ်အတွင်း ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) လုပ်ငန်းအားလုံးပြီးစီးစေရေး လျာထား

Dec 2, 2023  /

၂၀၂၄ ခုနှစ်အတွင်း ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) လုပ်ငန်းအားလုံးပြီးစီးစေရေး လျာထား
ဒီဇင်ဘာလ ( ၂ )ရက်။

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကိုဆက်သွယ်ပေးမယ့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) တည်ဆောက်ရေးလုပ်ငန်းများလာမယ့် ၂၀၂၄ခုနှစ်အတွင်းပြီးစီးရန်လျာ ထားတယ်လို့သိရပါတယ်။
သန်လျင်အမှတ် (၃)တံတား တည်ဆောက်ပြီးစီးသွားပါက ရန်ကုန်မှသန်လျင်ကို အချိန်တိုအတွင်း အလွယ်တကူဆက်သွယ်သွားလာနိုင်မှာဖြစ်ပြီး လက်ရှိကြုံတွေ့နေရတဲ့ ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းသက်သာ လာမှာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ ပဲခူးမြစ်ကူးတံတား တည်ဆောက်ခြင်းလုပ်ငန်းများအနေဖြင့် အဓိကပင်မတံတား တည်ဆောက်ခြင်း များ ပြီးစီးသွားပြီဖြစ်၍ လက်စသတ်လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေတာဘဲဖြစ်ပါတယ်။
ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃)တည်ဆောက်ပြီးစီးပါက သီလဝါ အထူးစီးပွားရေးဇုန်နှင့် သန်လျင်ဒေသ ဖွံ့ဖြိုးတိုးတက်လာရုံသာမက အရှေ့- အနောက် စီးပွားရေးစင်္ကြံ လမ်းမကြီးကိုအသုံးပြုပြီး ဘားအံ-မြဝတီအထိ ဆက်စပ်သွားလာနိုင်မှာဖြစ်တယ်လို့လည်းသိရပါတယ်။