Home  / News  / News Details

သတင်း အသေးစိတ်

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း လုံးချင်းအိမ်များ အရောင်းအဝယ်ဖြစ်နေ

Aug 5, 2024  /


ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း လုံးချင်းအိမ်များ အရောင်းအဝယ်ဖြစ်နေ

ဩဂုတ်(၅)ရက်။

 Myanmar Proeprty Dealer

ရန်ကုန်တိုင်းဒေသကြီး အိမ်ခြံမြေဈေးကွက်အတွင်းမှာ ပြီးခဲ့တဲ့ဇူလိုင်လအထိ အိမ်အငှားဈေးကွက်  လှုပ်ခတ်ခဲ့ပေမယ့်အရောင်းအဝယ်မှာတော့လုံးချင်းအိမ်များသာအရောင်းအဝယ်ဖြစ်နေတယ်လို့  အိမ်ခြံမြေဈေးကွက်အတွင်းမှ သိရပါတယ်။

 ရန်ကုန်မြို့တွင်း မြို့နယ်အများစုမှာ အိမ်ခြံမြေအရောင်းအဝယ် အေးနေပေမယ့် ဒဂုံ(မြောက်ပိုင်း)နှင့် (အရှေ့ပိုင်း) မြို့နယ်တို့မှာ လုံးချင်းအိမ်များ အရောင်းအဝယ်ဖြစ်နေတယ်လို့လည်းသိရပါတယ်။

“လက်ရှိ အိမ်ခြံမြေအရောင်းအဝယ်အခြေအနေကတော့ ဒဂုံ(မြောက်ပိုင်း) နဲ့(အရှေ့ပိုင်း)မြို့နယ်တွေမှာ လုံးချင်းအိမ်တွေ အရောင်းအဝယ်ဖြစ်နေတယ်။ အဓိကကတော့ အချက်အချာကျတဲ့နေရာတွေ၊ ရင်းနှီးမြှုပ်နှံလို့ ကောင်းတဲ့နေရာတွေမှာ အရောင်း အဝယ်ဖြစ်နေပါတယ်" ဟု ဒဂုံ(မြို့သစ်)မြို့နယ်မှ  အိမ်ခြံမြေရောင်းဝယ်ငှား အကျိုးဆောင်လုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

လက်ရှိတွင် ငွေကျပ် သိန်းနှစ်ထောင်ကျော်မှ သိန်းတစ်သောင်းကျော်တန်ဖိုးရှိ အိမ်နှင့်ခြံများ  ပိုမိုအရောင်းအဝယ်ဖြစ်နေပြီး အဓိက အားဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စီးပွားရေးလုပ်ကိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် လွယ်ကူတဲ့နေရာများမှာအရောင်းအဝယ် ဖြစ်နေတယ်လို့လည်းသိရပါတယ်။ (သဲမိုး)