မြို့ပြနေထိုင်သူများထက် ကျေးလက်နေသူများက အိမ်ပိုင်ဆိုင်မှုပိုများ
နိဝင်ဘာလ ( ၁၀ )ရက်။
Myanmar Property Dealer
မြန်မာနိုင်ငံ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအနှစ်ချုပ်အစီအရင်ခံစာအရ နိုင်ငံတွင်းမှာနေထိုင်ကြတဲ့
အိမ်ထောင်စု ၈၅% က အိမ်ပိုင်ဆိုင်ကြတယ်လို့သိရပါတယ်။
ဒီလိုအိမ်ပိုင်ဆိုင်တဲ့နေရာမှာကျေးလက်နေပြည်သူများရဲ့အိမ်ပိုင်ဆိုင်မှုကမြို့နေလူထုအိမ်ပိုင်ဆိုင်မှုများထက်ပိုများနေတယ်လို့သိရပါတယ်။
ကျေးလက်နေပြည်သူ အိမ်ထောင်စု ၉၄% ဟာအိမ်ပိုင်ဆိုင်ကြပြီး ၄% သာငှားရမ်းနေထိုင်ကြတယ်လို့သိရပြီး
မြို့ပြမှာတော့ အိမ်ထောင်စု ၆၅% က အိမ်ပိုင်ဆိုင်ကြပြီး ကျန်၂၃ ရာခိုင်နှုန်းဟာငှားရမ်းနေထိုင်ကြတာဘဲဖြစ်ပါတယ်။ အစိုးရဝန်ထမ်းအိမ်ရာ ၃%နဲ့ ပုဂ္ဂလိကအိမ်ရာ ၁% ကတော့မြို့ပြမှာပိုများပါတယ်။
ဒါ့အပြင်အစီရင်ခံစာအရ အိမ်ထောင်စု ၂၀% ဟာအခန်းတစ်ခန်းတွင် လူ ၁.၅ ဦးထက်ပို၍ နေထိုင်ကြတာြဖစ်ပြီး အခန်းတစ်ခန်းတွင် လူ ၂ ဦးအထက် အလွန်အမင်းပြွတ်သိပ်စွာနေထိုင်ကြတဲ့
အိမ်ထောင်စုများက မြို့ပြ တွင် ၁၂ ရာခိုင်နှုန်းနှင့် ကျေးလက်တွင် ၈ ရာခိုင်နှုန်း ရှိတယ်လို့ဌာနဆိုင်ရာထုတ်ပြန်ချက်များအရသိရပါတယ်။