Home  / News  / News Details

သတင်း အသေးစိတ်

အိမ်ခြံမြေဈေးမြင့်တက်ခြင်းနှင့်အတူပါမစ်အတု၊ဂရန်အတုများလည်းနေရာအနှံ့မှထွက်ရှိလာတယ်လို့သိရ။

Jul 21, 2023  /

အိမ်ခြံမြေဈေးမြင့်တက်ခြင်းနှင့်အတူပါမစ်အတု၊ဂရန်အတုများလည်းနေရာအနှံ့မှထွက်ရှိလာတယ်လို့သိရ။

ဇူလိုင် (၂၂)ရက်

ယခုနှစ်ပိုင်းအိမ်ခြံမြေဈေးနှုန်းမြင့်တက်လာခြင်းနှင့်အတူအရောင်းအဝယ်ပြုလုပ်ရာတွင်သက်သေအထောက်အထားစာရွက်စာတမ်း၊ပါမစ်အတု၊စလစ်အတုနှင့်ဂရန်အတုများအများအပြားထွက်ရှိလာပြီး၊လည်းကောင်းစာရွက်များဖြင့်လိမ်လည်ရောင်းချမှုများလည်းရှိနေတယ်လို့အိမ်ခြံမြေအကျိုးဆောင်များထံမှသိရပါတယ်။

‘’အခုဒဂုံဘက်ခြမ်းမှာဆိုရင်သိန်း၁၀၀ကျော်မြေကွက်လေးတွေကအရမ်းကိုအရောင်းအဝယ်ကောင်းတယ်။ပါမစ်မြေတွေပေါ့။တချိုပါမစ်တွေကျတော့အိုးအိမ်ဦးစီးဌာနမှာဘဲရှိသေးတယ်။တချို့ပါမစ်တွေကျတော့လည်းလွှဲပြောင်းပြီးရန်ကုန်တိုင်းဒေသကြီးကိုရောက်နေပြီဒါပေမယ့်စည်ပင်ကိုမရောက်သေးဘူး၊တချို့ပါမစ်တွေကျတော့စည်ပင်ကိုရောက်နေပြီ၊အဲဒီလိုအနေအထားမှာအတုအစစ်စစ်ဆေးရတာအရမ်းခက်ခဲတယ်။ဒီနေရာမှာသေသေချာချာစစ်ဆေးရတယ်။အခုခေတ်ကလည်းအိုင်တီနည်းပညာတွေအရမ်းကျွမ်းကျင်ကြတော့ပါမစ်အတုတွေအရမ်းထွက်တယ်။တကယ်တမ်းကျတော့ထုတ်ပေးထားတဲ့ခုနှစ်နဲ့စာရွက်စာတမ်းတွေကိုကြည့်လိုက်ရင်တော့အတုအစစ်ဆိုတာကျွမ်းကျင်တဲ့သူတွေကသိပါတယ်။အဲဒီတော့ဒီပါမစ်စာရွက်တွေကအတုလား၊အစစ်လားဆိုတာကိုပေါ့’’ဟုလည်းဝါရင့်အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောပါတယ်။

အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ရာမှာ ဂရန်မြေ၊ ဘိုးဘွားပိုင်မြေ၊ ပါမစ်မြေ၊ စလစ်မြေ အမျိုးမျိုးရှိတဲ့အထဲကမှအကျိုးဆောင်အများစုကပါမစ်မြေကိုအ ရောင်းအဝယ်ပြုလုပ်ကြပါတယ်၊၊ ပါမစ်မြေကိုအရောင်းအဝယ်ပြု လုပ်ရခြင်းမှာ စရိတ် ကုန်ကျမှုနည်းခြင်း၊ အရောင်းအဝယ် စာချုပ်ကို အရပ်ကတိစာချုပ်နဲ့ ချုပ်ဆိုနိုင်ပြီး အဆင့်ဆင့်လွှဲ ပြောင်းရောင်းချနိုင်ခြင်းတို့ကြောင့်ဖြစ်တယ်လို့လည်းသိရပါတယ်။

#ပါမစ်အတု

#စလစ်အတုများ

#myanmarpropertydealer

#မြန်မာအိမ်ခြံမြေသတင်းအတွက်MPD #yangon #property #stayinformed