Home  / News  / News Details

သတင်း အသေးစိတ်

ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ပျက်စီးရုံးအဆောက်အဦများ ပြန်ဆောက်မည်

Sep 22, 2026  /

ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ပျက်စီးရုံးအဆောက်အဦများ ပြန်ဆောက်မည်

စက်တင်ဘာ (၂၂)

Myanmar Property Dealer


လာမယ့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်မှာ အကြမ်းဖက်ဖြစ်စဉ်ကြောင့် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရုံးတွေ၊ ဌာနပိုင်ရုံးတွေ၊ ရုံးအင်္ဂါရပ်တွေနဲ့ ညီညွတ်မှုမရှိတဲ့ အိုမင်းဟောင်းနွမ်းနေတဲ့ ဌာနပိုင် ရုံးအဆောက်အဦတွေနဲ့ ဝန်ထမ်းအိမ်ရာ တွေကို အသစ်ပြန်လည်ဆောက်လုပ်နိုင်ရေး လျာထားတင်ပြသွားမှာဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် ဦးစားပေး အစီအစဉ်အလိုက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွန်းဦးက ပြောပါတယ်။


စက်တင်ဘာလ ၂၁ ရက်ကကျင်းပတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ မှာပေါင်းတည်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေသင်း မေးမြန်းတဲ့ ပေါက်ခေါင်းမြို့နယ်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနအတွက် ရုံးအဆောက်အဦ အသစ်တွေကို ဘယ်ဘဏ္ဍာရေးနှစ်မှာ ဆောက်လုပ်ပေးမယ်ဆိုတာကို သိရှိလိုတဲ့ ကြယ်ပွင့်ပြမေးခွန်းအပေါ် ဒုတိယဝန်ကြီး ဦးရဲထွန်းဦးက အခုလို ပြန်လည်ဖြေကြားခဲ့တာပါ။ 


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေနဲ့ ဌာနပိုင်ရုံး ဖွင့်လှစ်နိုင်မှုမရှိသေးတဲ့ရုံးတွေ၊ ရုံးအင်္ဂါရပ် တွေနဲ့ ညီညွတ်မှုမရှိတဲ့ အိုမင်းဟောင်းနွမ်းနေတဲ့ ဌာနပိုင်ရုံးအဆောက်အဦတွေနဲ့ ဝန်ထမ်းအိမ်ရာတွေ အသစ်ပြန် လည်ဆောက်လုပ်နိုင်ရေးအတွက် နှစ်စဉ်တင်ပြတောင်းခံနေတယ်လို့ ဆိုပါတယ်။


၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ရန်ပုံငွေလျာထားတောင်းခံရာမှာလည်း အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ ရုံးအဆောက်အဦတွေ၊ မန္တလေးငလျင်ဒဏ်အပါအဝင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့တဲ့ ရုံးတွေကို ဦးစားပေး လျာထားတောင်းခံခဲ့တဲ့အတွက် ပေါက်ခေါင်းမြို့နယ် ဦးစီးမှူးရုံးအနေနဲ့ မပါရှိခဲ့တာဖြစ်တယ်လို့လည်း ဒုတိယဝန်ကြီး ဦးရဲထွန်းဦးက ပြောကြားခဲ့ပါတယ်။