Home  / News  / News Details

သတင်း အသေးစိတ်

ထားဝယ်ရေနက်ဆိပ်ကမ်း ပူးတွဲဖော်ဆောင်ရန် ရုရှားနှင့် နစကတို့ ကနဦးအဆင့် ဆွေးနွေးမှု စတင်နေပြီဟုဆို

May 20, 2024  /

ထားဝယ်ရေနက်ဆိပ်ကမ်း ပူးတွဲဖော်ဆောင်ရန် ရုရှားနှင့် နစကတို့ ကနဦးအဆင့် ဆွေးနွေးမှု စတင်နေပြီဟုဆို

မေလ (၂၀)ရက် ။

Myanmar Property Dealer

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်းကို ပူးတွဲအကောင်အထည်ဖော်ရန် ရုရှားနှင့်နစကတို့အကြား ကနဦးအဆင့် ဆွေးနွေးမှုစတင်နေပြီဖြစ်တယ်လို့ထားဝယ်အထူးစီးပွားဇုန် စီမံခန့်ခွဲမှုကော်မတီထံမှသိရပါတယ်။

အဆိုပါ ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း မြန်မာနိုင်ငံက ရုရှားသံတမန်များနှင့် ရုရှားနိုင်ငံပိုင် ပုဂ္ဂလိကကုမ္ပဏီများကဆက်သွယ်လာကြတယ်လို့လည်းသိရပါတယ်။

လက်ရှိ ဆွေးနွေးမှုအဆင့်သာ ရှိသေးပြီး၊ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ၂၀၀၈ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်းအကြောင်းအမျိုးမျိုးကြောင့် တာဝန်ပေးထားတဲ့ အီတာလျံ-ထိုင်းကုမ္ပဏီက ရှေ့ဆက်မတိုးနိုင်ဘဲ လုပ်ငန်းရပ်စဲထားခြင်းဖြစ်ပါတယ်။

သည့်အပြင် ထိုင်းအစိုးရသစ်ကလည်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို စိတ်ဝင်စားပြီး ပြန်လည်ဆက်သွယ်လာတဲ့ အနေအထားတွင်ရှိနေတယ်လို့လည်း စီမံကိန်းတာဝန်ရှိသူက ပြောကြားထားပါတယ်။

ထားဝယ် SEZ ကို ကနဦးနှင့် ပင်မစီမံကိန်းဟုဆိုပြီး (၂)ပိုင်းခွဲထားကာ ကနဦးအဆင့် (၂၇) စတုရန်းမိုင်အတွင်း မူလခန့်မှန်းချက်ဖြစ်သည့် ကန်ဒေါ်လာ (၁)ဘီလီယံတန် စက်မှုဇုန်၊ ဓါတ်အားပေးစက်ရုံ၊ ရေနက်ဆိပ်ကမ်း၊ LNG ဓာတ်ငွေ့ရည်ဆိပ်ကမ်း အပါအဝင် အခြေခံအဆောက်အအုံများ တည်ဆောက်ရန် လျာထားခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။  (သဲသဲ)