ပြင်ဦးလွင်၊အောင်ချမ်းသာရွာဘက်ရှိသစ်တောမြေအတွင်းကော်ဖီလုပ်ကိုင်ခွင့်ပြုထားခြင်းမရှိ။
ဇန်နဝါရီ
(၂၇)
Myanmar
Property Dealer
ပြင်ဦးလွင်ခရိုင်၊ပြင်ဦးလွင်မြို့နယ်အတွင်းအောင်ချမ်းသာရွာဘက်မှာရှိတဲ့သစ်တောမြေအတွင်းမှာကော်ဖီလုပ်ကိုင်ခွင့်ပြုထားခြင်းမရှိကြောင်းသိရပြီး၊ဒါ့အပြင်မြေလွတ်မြေရိုင်များတွင်ခွင့်ပြုထားမှုအခြေနေများအားလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှစိစစ်လျက်ရှိတယ်လို့လည်းသိရှိရပါတယ်။
ယခုလက်ရှိသစ်တောမြေအတွင်းခွင့်ပြုထားတဲ့ကော်ဖီစိုက်ပျိုးခြင်းကိစ္စများနှင့်ပတ်သက်ပြီးလည်းစိုက်ပျိုးရေးဦးစီးဌာန၏မူလခွင့်ပြုမိန့်ပါစည်းကမ်းချက်များ၊သစ်တောဥပဒေ၊နည်းဥပဒေများနှင့်အညီစိစစ်ဆောင်ရွက်လျက်ရှိပြီးသစ်တောမြေပြင်ပရှိမြေအသုံးချမှုများနှင့်ပတ်သက်၍လည်းသက်ဆိုင်ရာဌာနများကဥပဒေ၊နည်းဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီစီမံခန့်ခွဲလျက်ရှိနေတယ်လို့လည်းသိရပါတယ်။