Home  / News  / News Details

သတင်း အသေးစိတ်

အိမ်သုံးရေရရှိမှုပေါ်မူတည်နေတဲ့ ဒလအိမ်ခြံမြေ များဈေးကွက်

Jul 7, 2025  /

အိမ်သုံးရေရရှိမှုပေါ်မူတည်နေတဲ့ ဒလအိမ်ခြံမြေ များဈေးကွက်
ဇူလိုင်လ ( 7 ) ရက်။
Myanmar Property Dealer

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း ဒလအိမ်ခြံမြေ များမှာ ဈေးတက်နေသော်လည်း အိမ်သုံးရေ ရရှိမှုမှာ အဓိကမှုတည်နေတယ်လို့ ဒလအိမ်ခြံမြေဈေးကွက် အတွင်းမှ သိရပါတယ်။
ဒလ-ရန်ကုန်မြစ်ကူးတံတား ပြီးစီးရန်နီးကပ်လာတာကြောင့် ဒလမြို့နယ်ရှိ အိမ်ခြံမြေဈေးများမှာအတက်ပိုင်းရောက်ရှိနေပေမယ့် လက်တလောတွင် အရောင်းအဝယ်နည်းနေတယ်လို့ သိရပါတယ်။
“ ဈေးတွေတက်နေတာတော့အမှန်ဘဲ အရောင်းအဝယ်ပွဲမဖြစ်ဘူး ဝယ်ချင်သူတွေက ရန်ကုန်မြို့ထဲကပြောင်းလာမယ့်သူတွေ၊ လောလောဆယ် အိမ်သုံးရေမရသေးတော့ ဝယ်ဖို့ ဆိုင်းသွားတယ် ” ဟု ဒလမြို့ခံ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။
ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းက လုပ်ငန်းပြီးစီးမှု ၇၀ ရာခိုင်နှုန်းကျော် ရောက်ရှိနေပြီး ၂၀၂၅ ခုနှစ်ဒီဇင်ဘာလပိုင်းတွင် ပြီးစီးရန် ခန့်မှန်းထားတယ်လို့သိရပါတယ်။
တံတားပြီးစီးချိန်တွင် အိမ်သုံးရေ ရရှိနိုင်မယ်လို့ ခန့်မှန်းထားကြပေမယ့်လည်း လက်တလောတွင် ဒလမြို့ အိမ်သုံးရေအခက်အခဲများကြုံတွေ့နေရဆဲဖြစ်တယ်လို့လည်းသိရပါတယ်။
ဒါ့အပြင်ဧပြီလဆန်းပိုင်းက တံတားကြိုးဆိုင်း စတင်ဆွဲတပ်ဆင်တဲ့လုပ်ငန်းများ စတင်လုပ်ဆောင်နေခြင်းကြောင့် လည်း ဒလမြို့ အိမ်ခြံမြေဈေးဟာ သိန်း‌ထောင်ကျော်ထိဆက်လက်မြင့်တက်လာနေတယ်လို့ ဒလအိမ်ခြံမြေရောင်းဝယ်ရေးဈေးကွက်အတွင်းမှ သိရသည်။