Home  / News  / News Details

သတင်း အသေးစိတ်

မြေအောက်လမ်းကူးဥမင်တည်ဆောက်ရေးလုပ်ငန်း အချောသပ်နေ

Dec 18, 2024  /

မြေအောက်လမ်းကူးဥမင်တည်ဆောက်ရေးလုပ်ငန်း အချောသပ်နေ

ဒီဇင်ဘာ (၁၈)ရက်။

Myanmar Property  Dealer

 

ရွှေတိဂုံဘုရားနှင့် ပြည်သူ့ရင်ပြင်ကို ဆက်သွယ်ထားတဲ့  မြေအောက်လမ်းကူးဥမင် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးသွားပြီဖြစ်တဲ့အတွက် အချောသပ်နေပြီဖြစ်တယ်လို့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။

 အဆိုပါ မြေအောက်လမ်းကူးလူသွားဥမင်က  အလျား ၄၆၁ ပေ လက်မ အရှည်ရှိပြီး လူသွားလမ်းအကျယ်မှာ ၂၃ ပေ ၊ မြေအောက်လမ်းကူးလူသွားဥမင် ဝင်ထွက်ပေါက် ()ပေါက် ပါဝင်မှာဖြစ်ပြီး ရွေ့လျားစက်လှေကား () စင်း၊ မသန်စွမ်းသူများအသုံးပြုရန် (၁ဝ)ယောက်စီး ဓာတ်လှေကား ()စင်းတို့ကိုလည်း ထည့်သွင်းတည်ဆောက်ထားတယ်လို့လည်းသိရပါတယ်။

 " လာမယ့်နှစ် နှစ်ဆန်းပိုင်းလောက်ဆိုရင် ဖွင့်လှစ်သွားဖို့ရှိတယ်။ အခုက အချောသပ်နေပြီ။ ပြောရရင် ၉၅ ရာခိုင်နှုန်းလောက်ပြီးနေပြီ"ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

 ရွှေတိဂုံစေတီတော်နှင့် ပြည်သူ့ရင်ပြင်သို့ ပြည်သူများသွားလာရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရန် နှင့် သက်တောင့်သက်သာ ဖြတ်သန်းသွားလာနိုင်ရေးအပါအဝင် ခေတ်မီအခြေခံအဆောက်အဦတစ်ခု ထပ်မံ ပေါ်ပေါက်လာစေရန် ရည်ရွယ်ကာ တည်ဆောက်ထားခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။