Home  / News  / News Details

သတင်း အသေးစိတ်

ရိုးမရိပ်သာအိမ်ရာ တိုက်အမှတ် (၄၈) နဲ့ (၅၁) မှာရှိတဲ့ အခန်းတွေကို ဝယ်ယူခွင့်ရထားသူတွေကို ယာယီနေထိုင်ခွင့် အကြောင်းကြားစာ ထုတ်ပေး

Mar 28, 2026  /

ရိုးမရိပ်သာအိမ်ရာ တိုက်အမှတ် (၄၈) နဲ့ (၅၁) မှာရှိတဲ့ အခန်းတွေကို ဝယ်ယူခွင့်ရထားသူတွေကို ယာယီနေထိုင်ခွင့် အကြောင်းကြားစာ ထုတ်ပေး

မတ်လ (၂၆)ရက်။

Myanmar Property Dealer

အိမ်ရာချေးငွေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ ရောင်းချထားတဲ့ အခန်းတွေကို ယာယီနေထိုင်ခွင့် ထုတ်ပေးတော့မယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အသိပေးလိုက်ပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က ရောင်းချခဲ့တဲ့ ရိုးမရိပ်သာအိမ်ရာ တိုက်အမှတ် (၄၈) နဲ့ (၅၁) မှာရှိတဲ့ အခန်းတွေကို ဝယ်ယူခွင့်ရထားသူတွေကို ယာယီနေထိုင်ခွင့် အကြောင်းကြားစာ ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါ အကြောင်းကြားစာတွေကို ၂၀၂၆ ခုနှစ် ဧပြီ ရက်နေ့ကနေစပြီး ရုံးချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရုံးမှာ လာရောက်ထုတ်ယူနိုင်တယ်လို့သိရပါတယ်။

ယာယီနေထိုင်ခွင့် အကြောင်းကြားစာများကို ကိုယ်တိုင်လာရောက်ထုတ်ယူမယ်ဆိုရင် မှတ်ပုံတင်မူရင်းနဲ့ မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူကို ယူလာရမှာဖြစ်ပြီး ကိုယ်စားလှယ်နဲ့ ထုတ်ယူမယ်ဆိုပါကကိုယ်စားလှယ်လွှဲစာမူရင်း၊ ကာယကံရှင်နဲ့ ကိုယ်စားလှယ် နှစ်ဦးစလုံးရဲ့ မှတ်ပုံတင်မူရင်းနဲ့ မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတွေ တင်ပြရမယ်လို့ အသိပေးထားရှိပါတယ်။