ဝမ် ၄.၂၇ ဘီလီယံတန်ဇိမ်ခံဗီလာဝယ်ယူလိုက်တဲ့
TWICE အဖွဲ့ဝင်
မိုမို
နိဝင်ဘာလ ( ၆)ရက်။
Myanmar Property Dealer
K Pop အဖွဲ့ TWICE ရဲ့အဖွဲ့ဝင် မိုမို ဟာ အောက်တိုဘာလက ဂျောင်ဂီပြည်နယ်၊ ဂူရီ ရှိ Archiul Village မှာ ဇိမ်ခံ ဗီလာတစ်လုံးကို ငွေသား ဝမ် ၄.၂၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ သန်းခန့်) နဲ့ပေးချေကာ ဝယ်ယူလိုက်တာဘဲဖြစ်ပါတယ်။
အောက်တိုဘာလ ၃၁ ရက် ရက်စွဲပါ တရားဝင် တရားရုံးမှတ်ပုံတင် စာရွက်စာတမ်းတွေအရ မိုမိုဟာ ဂူရီ၊ အန်ချုံးဒုန်၊ အဆင့်မြင့် Arcadia Signature complex မှာ ၂၂၁ စတုရန်းမီတာ (သီးသန့်ဧရိယာ) ယူနစ်အတွက် ဝယ်ယူရေးစာချုပ်ကို အောက်တိုဘာ ၂၃ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ဝမ် ၄.၂၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ သန်းခန့်) ပေးချေကာ လွှဲပြောင်းပိုင်ဆိုင်မှု မှတ်ပုံတင်ခဲ့တယ်လို့သိရပါတယ်။
၂၀၂၃ ခုနှစ် မေလကမှ ပြီးစီးခဲ့တဲ့ Arcadia Signature complex ဟာ Archiul Village ရှိ ပရီမီယံ လူနေ အိမ်ရာစီမံကိန်းတစ်ခုဖြစ်ပြီး အဆောက်အအုံဟာ မြေအောက်ထပ်နှစ်ထပ်နဲ့ မြေပေါ်ထပ်လေးထပ် ယူနစ် ရှစ်ခုသာ ပါဝင်မှာဖြစ်ခါ ဟန်မြစ်နဲ့ အာချာဆန်တောင် နှစ်ခုလုံးကို မြင်ကွင်းကျယ်ကျယ်နဲ့မြင်တွေ့နိုင်မှာဖြစ်ပါ တယ်။
ဇိမ်ခံဗီလာဟာ ဆိုးလ်ခရိုင်အတွင်းရှိ Gangnam(ဂန်နန်း) Gangdong(ဂန်ဒေါင်း) Gwangjin(ဂွမ်ဂျင်း)နှင့် Songpa(ဆုံးဖ) တို့လိုအချက်အချာကျတဲ့ဒေသတွေကိုအချိန်တိုအတွင်းရောက်ရှိနိုင်မဲ့နေရာမှာတည်ရှိတာဘဲဖြစ်ပါတယ်။