ဒလတံတားမှီကာ လယ်ကွက်ဝယ်အကွက်ဖော်ရောင်းရန်ကြံထားသူတို့ တံတားပြီးသော်လည်း အဝယ်မရှိသဖြင့် လယ်အငှားပြန်ချရကိန်းစိုက်နေ
ဇူလိုင် (၂၅) ရက်။
Myanmar Property Dealer
ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း ပြီးစီးသွားပါက မြေဈေးကွက်ဆက်တက်လာနိုင်တယ်ဆိုပြီး လယ်မြေ များကို သိန်းထောင်ချီ ရင်းနှီးမြှုပ်နှံကာ မြေကွက်ရိုက်ပြီးရောင်းရန် ပြင်ဆင်ခဲ့သူများမှာ လတ်တလော အဝယ်မရှိ ဘဲ ဈေးကွက်အေးစက်နေခြင်းကြောင့် ဝယ်ထားတဲ့ လယ်ကွက်များကို လယ်အငှားချကာ လယ်ပြန်စိုက် ခိုင်းရမလို အခြေအနေဖြစ်နေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“တံတားကြီးဖွင့်ရင် မြေဈေးတွေကတစ်ဟုန်ထိုးတက်ပြီး အခြေအနေထပ်ကောင်းမယ်ယူဆကာ လယ် ကွက်တွေကို သိန်းသောင်းချီရင်းထားကြတာတွေရှိတယ်။ အခုကျတော့ တံတားလည်းဖွင့်ပြီးရော ဈေးကွက်က ဝယ်သူလုံး ဝ မရှိဘဲ ငြိမ်ချက်သားကောင်းနေတယ်။ မြေကွက်ဖော်ဖို့ ပိုက်ဆံထပ်မစိုက်နိုင်တော့သလို ဒီတိုင်း ပစ်ထားရင်လည်း မြေရိုင်းဖြစ်မှာစိုးတာလေ၊ ငွေမြုပ်နေတာ လယ်ပြန်စိုက်ရမလိုတောင်ဖြစ်နေပြီ “ ဟု ဒလမြို့ နယ် အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။
လက်ရှိ ဒလမြို့နယ်အတွင်းတွင် နေရာကောင်းပါက ဈေးနှုန်းများမြင့်မားနေသလို နေရာပေါ်မူတည်၍ စျေးကွာ ခြား ချက် ကြီးမားလှသည်။ ကျန်စစ်သားရပ်ကွက်ကဲ့သို့သော လမ်းမတန်းနှင့် နီးစပ်သည့် နေရာများရှိ (၁၂ ဒသမ ၅ × ၅၀) ပေ ပါမစ်မြေကွက်ငယ်လေးများပင် သိန်း ၈၀၀ ဝန်းကျင် ပေါက်ဈေးရှိနေပြီး (၂၅ × ၅၀) ပေ ပတ်ဝန်း ကျင် အကွက်များမှာ သိန်း ၁၅၀၀ မှ ၂၅၀၀ အထိ ခေါ်ဈေးရှိနေကြတယ်လို့သိရပါတယ်။
သာမန်လူတန်းစားများ ဝယ်ယူရန် မလွယ်ကူတဲ့ (၅၀ × ၅၀) ပေ ခြံကွက်ကျယ်များမှာမူ နေရာပေါ်မူ တည်ပြီး သိန်း ၃၅၀၀ မှ သိန်း ၆၀၀၀ အထိလည်းကောင်း၊ အချို့သော နေရာကောင်း ပါမစ်မြေကွက်များမှာ သိန်း ၁၀၀၀၀ အထိပင် ဖြစ်ကာ စျေးအဆမတန် မြင့်တက်ကာ ခေါ်ယူနေကြတယ်လို့လည်း အကျိုးဆောင် များထံမှ သိရပါတယ်။
လက်ရှိခေါ်ယူနေတဲ့ ဈေးနှုန်းများမှာ ရောင်းသူများမှ တစ်ဖက်သတ်ခေါ်ယူနေတဲ့ ခေါ်ဈေးများသာဖြစ်ပြီး လက်တွေ့ မြေပြင်တွင် ထိုဈေးနှုန်းများဖြင့် ဝယ်ယူမဲ့သူမှာ လုံးဝမရှိသလောက် ရှားပါးနေပြီဖြစ်ပြီး ယခင်က ကျပ်သိန်း ၃၀၀ ဝန်းကျင်သာရှိခဲ့တဲ့ လယ်မြေနှင့် ရွာမြေများကို သိန်း ၅၀၀ မှ ၈၀၀ ကြားအထိစျေးပေးဝယ် ယူပြီး မြေကွက် ရိုက်ရောင်းရန် ကြံစည်ခဲ့သူများမှာ လက်ရှိတွင် အရင်းငွေပင် ပြန်မရနိုင်တော့ဘဲ ငွေမြုပ်နေတဲ့ဒုက္ခနှင့် ရင်ဆိုင် နေရပြီဖြစ်တယ်လို့လည်းသိရပါတယ်။
“ကျနော်တို့ ထင်ထားသလိုမဖြစ်ဘဲ ရင်းနှီးထားတဲ့အရင်းငွေတောင် ပြန်မဖော်နိုင်တော့ဘူး။ မြေ ကွက်ကိုဒီတိုင်း ထားရင် ဥပဒေတွေအရ ပြန်အသိမ်းခံရမှာ ကြောက်ရသေးတယ်။ ဒါကြောင့်အဝယ်လိုက်မယ့် အချိန်ကိုစောင့်ရင်း လယ် အငှားချတာဖြစ်ဖြစ်၊ ကိုယ်တိုင်ပဲ စိုက်ရပျိုးရတာမျိုးတွေကို လုပ်ရတော့ မယ်ထင်ပါတယ်” ဟု မြေပိုင်ရှင် တစ်ဦးက ပြောဆိုထားတာပါ။
အဆိုပါ လယ်ကွက်အများစုမှာ လယ်ယာမြေဥပဒေအရ အခြားနည်းအသုံးပြုခွင့် (လန-၃၉) မကျသေး တဲ့မြေများဖြစ်ပြီး လက်ရှိစီးပွားရေး အခြေအနေအရ ရန်ကုန်မြို့တွင်းမှ လုပ်ငန်းရှင်များမှာ ဒလဘက်သို့ ရင်းနှီး မြှုပ်နှံမှုအသစ်များ တိုးချဲ့လုပ်ဆေင်ရန် လက်တွန့်နေသောအခြေအနေများကြောင့် ဈေးကွက်အေးစက်ရခြင်း ဖြစ် တယ်လို့လည်းအိမ်ခြံမြေ ကျွမ်းကျင်သူများက သုံးသပ်ထားကြပါတယ်။
လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ အကွက်ရိုက်ရောင်းချခြင်း သို့မဟုတ် လူနေအိမ်ဆောက်လုပ်ခြင်းများ ပြု လုပ်ပါက လယ်ယာမြေဥပဒေအရ အရေးယူခံရနိုင်တဲ့ အန္တရာယ်လည်း ရှိနေပြီး ငွေကြေး အကျပ် အတည်း ဖြစ်လာတဲ့ ရင်းနှီးမြှုပ်နှံသူအချို့မှာ မြေကွက်ကို ဒီအတိုင်း ပစ်မထားရဲဘဲ လယ်ယာ စိုက် ပျိုးရေး လုပ်ငန်းကိုသာ မလွှဲမရှောင်သာ အခြေအနေမျိုးအဖြစ် လုပ်ကိုင်သွားနိုင်ရန် ကြံစဉ်နေကြောင်း သိရပါတယ်။