Home  / News  / News Details

သတင်း အသေးစိတ်

ကော့သောင်းမြို့မှာ တည်ဆောက်မဲ့အပြည်ပြည်ဆိုင်ရာကမ်းရိုးတန်း ဆိပ်ကမ်းသစ်အတွက်

Nov 24, 2025  /

ကော့သောင်းမြို့မှာ တည်ဆောက်မဲ့အပြည်ပြည်ဆိုင်ရာကမ်းရိုးတန်း ဆိပ်ကမ်းသစ်အတွက်

တင်ဒါခေါ်

နိုဝင်ဘာ ၂၄ ရက်။

Myanmar Property Dealer

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းဆိပ်ကမ်းအနီးတွင် အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်း ဆိပ်ကမ်းသစ်တစ်ခု တည်ဆောက်ရန်အတွေ့ကြုံရှိကုမ္ပဏီများ တင်ဒါတင်သွင်းနိုင်တယ်လို့ မြန်မာဆိပ်ကမ်းအာဏာပိုင် (MPA) ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ကော့သောင်းဆိပ်ကမ်း၊ တော်ဝင်သံကူကွန်ကရစ် ဆိပ်ခံတံတားရဲ့ တောင်ဘက်ကပ်လျက် မြေနေရာတွင် တည်ဆောက်နိုင်ရေးအတွက် တိုင်းတာခြင်း၊ လေ့လာဆန်းစစ်ခြင်းနှင့် ပုံစံဒီဇိုင်းများ ရေးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်တင်ဒါခေါ်ယူခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။

တင်ဒါပုံစံကို အမှတ်-(၁၀) ပန်းဆိုးတန်းလမ်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်တွင် ယခုလ (၂၀) ရက်မှ (၂၈)ရက်အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်တယ်လို့ထုတ်ပြန်ထားရှိပြီး လာမဲ့ ဒီဇင်ဘာလ  () ရက်တွင်တင်ဒါစတင်ဖွင့်လှစ်မယ်လို့သိရပါတယ်။

လက်ရှိအချိန်တွင် ထိုင်း-မြန်မာ ရေကြောင်းကုန်သွယ်မှုအတွက် ရနောင်း-ကော့သောင်း-ရနောင်း ရေလမ်းကြောင်းကတစ်ဆင့် သွင်းကုန်လိုင်စင်များ ဦးစားပေး ခွင့်ပြုနေတာကြောင့် ကော့သောင်းမြို့တွင် အပြည်ပြည်ဆိုင်ရာကမ်းရိုးတန်းဆိပ်ကမ်းသစ်တစ်ခု တည်ဆောက်ရန် ပြင်ဆင်နေတာ ဖြစ်ပြီး မူလရှိပြီးဖြစ်တဲ့ တော်ဝင်သံကူကွန်ကရစ် ဆိပ်ခံတံတားကိုလည်း ကရိန်းများ အသုံးပြုကာ ကုန်တင်သင်္ဘောတွေ ပိုမိုလက်ခံနိုင်အောင် အကြီးစားပြင်ဆင်မှုများပြုလုပ်ထားတယ်လို့လည်းသိရပါတယ်။