Home  / News  / News Details

သတင်း အသေးစိတ်

ရောင်းမှားဝယ်မှားဖြစ်တယ်ဆိုတာ ဝယ်ပေးတဲ့အကျိုးဆောင်ပေါ်မှာပဲ မူတည်နေ

Sep 27, 2022  /

ရောင်းမှားဝယ်မှားဖြစ်တယ်ဆိုတာ ဝယ်ပေးတဲ့အကျိုးဆောင်ပေါ်မှာပဲ မူတည်နေ
#Myanmar Property Dealer
နိုင်ငံတဝှမ်းမြေလွတ်မြေရိုင်းတွေ အရောင်းအဝယ်ဖြစ်နေတဲ့အထဲမှာ ပြင်ဦးလွင်မြို့ရဲ့ နေရာတိုင်းမှာလည်း မြေကွက်တွေအရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။
ပြင်ဦးလွင်မှာ ရွာမြေတွေက ဧကရာ​ေျော်ရှိနေပြီး တစ်ဧကကို ၃၅သိန်းကနေ သိန်း ၄၀၀ကျော်အထိ ရောင်းဝယ်ကြပြီး ရပ်ကွက်ကြီးတွေထဲမှာ ဂရမ်မြေအစစ်တွေနဲ့ ရွာဘက်တွေမှာလည်း ပုံစံ (၇) စိုက်ပျိုးမြေတွေအပြင် တချို့ ဂရမ်အပါ မြို့ပေါ်မြေကွက် အရောင်းအဝယ်တွေလည်း ဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိပြင်ဦးလွင်မှာ ဝယ်သူတွေဝယ်ယူလိုက်တဲ့မြေကွက်ဟာ နောက်ပိုင်းမှာ သစ်‌တောမြေအဖြစ် သိမ်းဆည်းခံလိုက်ရတာမျိုးတွေဖြစ်ပေါ်နေပြီး ဒီလို မြေအရှုပ်အရှင်းတွေဖြစ်ပေါ်ရခြင်းက နိုင်ငံတော်ကို တရားဝင်အခွန်ဆောင်တဲ့ အကျိုးဆောင်မဟုတ်ပဲ ရထားလုံးမောင်းသူ၊ ကွမ်းယာသည်ကအစ မြေဝယ်ချင်လို့မိတ်ဆက်ပေးတာကနေ အကျိုးဆောင်ဖြစ်ချင်ဖြစ်သွားတဲ့အတွက် မြေယာတွေအကြောင်း သေချာမသိပဲ ရောင်းချကြတာတွေကြောင့် အခုလို မြေအရှုပ်အရှင်းတွေဖြစ်ပေါ်လာတယ်လို့ ပြင်ဦးလွင်အိမ်ခြံမြေအကျိုးဆောင် ဒေါ်နုနုငယ်က ပြောပါတယ်။
“အမှန်တော့အခြေခံကျကျနဲ့ကြည့်မယ်ဆိုရင်တော့ အိမ်ခြံမြေအကျိုးဆောင်ဆိုတာ ကျွန်မတို့က ဟိုအရင် မြို့အသစ်ကြီးစတည်ထောင်ကတည်းက ၃သောင်းတို့ ၇ထောင်တို့ ၇သောင်းတို့ ၁သိန်းတို့ အဲ့လိုခေတ်ကတည်းက ကိုယ်တွေက ကိုယ့်အသက်အရွယ်နဲ့ကမှီလာတဲ့အခါကျတော့ အခုလိုအရှုပ်အရှင်း​တွေဖြစ်လာတယ်ဆိုတာက ဝယ်ပေးတဲ့အိမ်ခြံမြေအကျိုးဆောင်အပေါ်မှာပဲ မူတည်တာ။ ဝယ်တာလွဲမှားတယ်ဆိုတာကလေ ကျွန်မထင်တာကတော့တချို့က ဒါ ၁၀၅ ပါတယ်။ ၁၀၅ ပါလို့ဝယ်ဆိုပြီး ရွာမြေကို ဝယ်ခိုင်းလိုက်တာ အမှန်တကယ်က ၁၀၅ သည် ပုံစံ ၇ မှာတွဲပြီးတော့မှ စိုက်ပျိုးမြေလို့သတ်မှတ်တဲ့ ၁၀၅ မြေခွန်ဖြစ်နေတာ။ ဒါပေမယ့်အပြင်ဧည့်သည်တွေက ကျတော့ ဝယ်တယ် ၁၀၅ ပါတာပဲ ဝယ်တယ် သူတို့က ကျွန်မတို့ မြို့ပေါ် ဂရမ်တွေရဲ့ ၁၀၅ နဲ့ မှားယွင်းပြီးတော့မှ ရွာကလူတွေက ၁၀၅ ပါတယ်လို့ ပြောကြတာ။ တချို့ပေါ့လေ။ မိတ်ဆက်ပေးတဲ့သူက ဒါ ၁၀၅ ပါတယ် ဒါကိုဝယ်လိုက် တန်တယ် ၁ဧကကိုဘယ်လောက်ရှိတာဘာညာဆို သူတို့ဝယ်ကြတယ်။ ဒါပေမယ့် တကယ့် တကယ့်ကျတော့ ဒါသည် ပုံစံ (၇)။ နောက် တချို့ဆို မလျှောက်ရသေးဘူး သီးခြားစနစ်ကလေးတွေနဲ့ပေါ့၊ အဲ့ဒီသီးခြားစနစ်ကလေးတွေနဲ့ကို ဝယ်ပြီး ကွက်စိတ်ထိုးတယ် ဝယ်တဲ့သူက ဒီကွက်စိတ်က ဒါ၊ ဒီဟာက ရွာမြေ ၁၀၅ပါပြီးသား ဒီထဲမှာ ၁၀၅ မိတ္တူ၊ အဲ့လို ပုံစံ ၇ ရဲ့ ၁၀၅ တွေနဲ့ ဝယ်ကြပြီးတော့မှ လယ်ယာမြေတွေဖြစ်နေတာ။
ကျွန်မတို့အလုပ်လုပ်တဲ့အတိုင်းအတာမှာကျ ကျွန်မတို့က သစ်တောဆိုရင် သစ်တောလို့ပြောတယ်။ သစ်တောသည် နှစ်၃၀ တရားဝင်ဂရမ်ထုတ်ပေးထားတယ် လွှဲပြောင်းပြီးတော့စိုက်ပျိုးမယ်ဆိုရင် ကျွန်မတို့က သစ်တောရုံးမှာ တရားဝင်လွှဲပြောင်းပေးလိုက်တယ် အကျိုးဆောင်တာပေါ့နော် အဲ့အချိန်မှာ မှားယွင်းပြီး ဝယ်မိတာလည်းရှိတယ် အမှန်တရားနဲ့ဝယ်တာလည်းရှိတယ် ပြင်ဦးလွင်မှာမြေက တော်တော်ကိုရှုပ်တယ်” ဟု ဒေါ်နုနုငယ် က ပြောပါတယ်။
ပြင်ဦးလွင်မှာ အဓိကရှုပ်ရခြင်းအကြောင်းအရင်းကလည်း ဒီသီးခြားစနစ်ကို ရွာမြေပါလို့ ပြောရောင်းတာမျိုး၊ ပုံစံ (၇)မှာ ပါတဲ့ (၁၀၅) စာရွက်ကို အိမ်ဆောက်လို့ရတယ် လုပ်လို့ရတယ်ဆိုပြီး ပြောရောင်းတာအပြင် နောက်တနည်းကတော့ ရွာနဲ့အင်မတန်နီးတဲ့အတွက် ရွာရဲ့ ၂မိုင်ဆို မြို့တိုးချဲ့သစ်၊ ရွာတိုးချဲ့သစ်သတ်မှတ်တယ်တို့ လိုမျိုး ပြောရောင်းတာတွေလည်းရှိတယ်လို့ သိရပါတယ်။