Home  / News  / News Details

သတင်း အသေးစိတ်

ထိုင်းတွင် ဘတ် ၅ ဘီလီယံတန်ဖိုးရှိ တရားမဝင် “ရုရှားရွာ” အိမ်ခြံမြေကွန်ရက်ကို ဖော်ထုတ်ဖမ်းဆီး

Jul 28, 2026  /

ထိုင်းတွင် ဘတ် ဘီလီယံတန်ဖိုးရှိ တရားမဝင်ရုရှားရွာအိမ်ခြံမြေကွန်ရက်ကို ဖော်ထုတ်ဖမ်းဆီး

ဇူလိုင်(၂၈)

Myanmar Property Dealer


ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်တွင် ထိုင်းနိုင်ငံသားအမည်ခံ (Nominee) များကို အသုံးပြုပြီး တရားမဝင် အိမ်ခြံမြေလုပ်ငန်းများ လုပ်ကိုင်နေတဲ့ ဘတ် ဘီလီယံကျော်တန်ဖိုးရှိ ကွန်ရက်တစ်ခုကို ထိုင်းရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီး ရုရှားနိုင်ငံသား ဦးကို ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။

 

အဆိုပါကွန်ရက်သည် စီမံကိန်းများကိုရုရှားရွာ (Russian Village)” ဟု ကြော်ငြာကာ ရောင်းချနေခဲ့တာလည်းဖြစ်ပါတယ်။

ဇူလိုင် ၁၇ ရက်က ထိုင်းအမျိုးသားရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် ရဲဒုတိယဗိုလ်ချုပ်ကြီး နိုပါဆစ် ပူးလ်ဆာဝပ် ဦးဆောင်တဲ့ အဖွဲ့က  ချွန်ဘူရီပြည်နယ်တစ်ဝန်း ရှာဖွေဝရမ်း ၄၁ ခုနှင့် ဖမ်းဝရမ်း ခုကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော် စစ်ဆင်ရေးဆင်နွဲခဲ့ပြီး

စစ်ဆင်ရေးအတွင်း သံသယရှိသူ ရုရှားနိုင်ငံသား ဦးကို ဖမ်းဆီးနိုင်ခဲ့တဲ့အပြင် ကုမ္ပဏီမှတ်ပုံတင် စာရွက်စာတမ်းများ၊ ဘဏ်စာရင်းများ၊ ကွန်ပျူတာများ၊ လက်ကိုင်ဖုန်းများနှင့် အီလက်ထရွန်နစ် အချက်အလက်များကိုပါ သိမ်းဆည်းကာ ဆက်လက်စစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။

စုံစမ်းစစ်ဆေးချက်များအရ အဆိုပါကွန်ရက်သည် ကုမ္ပဏီပေါင်း ၄၉၅ ခု ထူထောင်ထားပြီး အိမ်ရာစီမံကိန်း ခုအတွင်းရှိ လုံးချင်းအိမ် ၇၇၅ လုံး (စုစုပေါင်းတန်ဖိုး ဘတ် ဘီလီယံကျော်) ကို ပိုင်ဆိုင်ထားကြောင်း တွေ့ရှိရပြီး ယင်းကုမ္ပဏီများအနက် ၄၃၅ ခုတွင် နိုင်ငံခြားသား ရှယ်ယာရှင်များ ပါဝင်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။

ဒါ့အပြင် စီမံကိန်းတစ်ခုကို ရုရှားအခြေစိုက် ဝက်ဘ်ဆိုက်များပေါ်၌ “Russian Village” ဟူသော အမည်ဖြင့် ကြော်ငြာကာ ရုရှားနိုင်ငံသားများကို အဓိကထား ရောင်းချခြင်း၊ ငှားရမ်းခြင်းများ ပြုလုပ်နေခဲ့ရာမှ အာဏာပိုင်များ၏ အထူးသတိပြု စုံစမ်းခြင်းကို ခံခဲ့ရခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။

လက်ရှိတွင် ဘတ် ၂၃၅ သန်းခန့် တန်ဖိုးရှိ မြေကွက် ၃၂ ကွက်နှင့် ဆက်စပ်နေတဲ့ကုမ္ပဏီ ၃၃ ခုကို ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်စုံစမ်းနေပြီး အဆိုပါကုမ္ပဏီများသည် နိုင်ငံခြားသားများ မြေယာပိုင်ဆိုင်ခွင့် ကန့်သတ်ချက်ကို ရှောင်လွှဲရန် ထိုင်းနိုင်ငံသားများကို အမည်ခံရှယ်ယာရှင်အဖြစ် အသုံးပြုခဲ့တာကို သံသယရှိထားတယ်လို့လည်းဆိုပါတယ်။

စုံစမ်းမှုအတွင်း ထိုင်းစာရင်းကိုင် ဦးသည် ကုမ္ပဏီပေါင်း ၁၈၆ ခုတွင် ရှယ်ယာများ ကိုင်ဆောင်ထားသည်ကိုပါ တွေ့ရှိခဲ့ရသဖြင့် ၎င်းတို့သည် မိမိဘက်မှ အမှန်တကယ် ရင်းနှီးမြှုပ်နှံထားခြင်း ဟုတ်၊ မဟုတ် သို့မဟုတ် နိုင်ငံခြားသားများအတွက် အမည်ခံပေးထားခြင်း ဟုတ်၊ မဟုတ်ကို ဆက်လက်စစ်ဆေးနေဆဲဟုလည်းသိရပါတယ်။

ယခုစစ်ဆင်ရေးသည် နိုင်ငံခြားသားများ၏ တရားမဝင် အမည်ခံကုမ္ပဏီ ကွန်ရက်များကို ဖြိုခွင်းတဲ့အမျိုးသားအဆင့် လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင်လည်း ဆက်လက်တိုးချဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားရှိပါတယ်။